ထိုင်းက စွဲဆိုထားသည့် သတင်းထောက် ၂ ဦး အပြစ်မရှိဟု တရားရုံးဆုံးဖြတ်

အလန်မော်ရစ်ဆန်(ယာ) နှင့် ချူသီမာ ဆီဒါဆတ်သီယန်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
လူကုန်ကူးမှုမှာ ထိုင်းရေတပ်က ပါဝင်ပတ်သက်နေတယ်ဆိုပြီး သတင်းမှာ ထည့်သွင်းဖော်ပြခဲ့တဲ့ သြစတြေးလျ အယ်ဒီတာနဲ့ ထိုင်းသတင်းထောက်တို့ကို ထိုင်းတရားရုံးက အပြစ်မရှိဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါ့အပြင် ကွန်ပျူတာ ရာဇ၀တ်မှု ပုဒ်မနဲ့ စွဲဆိုထားချက်ကနေလည်း ကင်းလွတ်သွားတယ်လို့ ရှေ့နေကို ကိုးကားပြီး နေရှင်းသတင်းက ပြောပါတယ်။ မြန်မာပြည်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို လူကုန်ကူးမှုမှာ ထိုင်းရေတပ်က ပါဝင်ပတ်သက်တယ်ဆိုတဲ့ ၂၀၁၃ ဇူလိုင်လ ရိုက်တာသတင်းကို ကိုးကားပြီး အလန်မော်ရစ်ဆန်နဲ့ ချူသီမာ ဆီဒါဆတ်သီယန်တို့က ဖူးခတ်ဝမ် ၀က်ဘ်ဆိုက်မှာ ရေးသားခဲ့ပါတယ်။ တရားရုံးက သူတို့ ၂ ဦးကို လွှတ်ပေးလိုက်သလို ဖူးခတ်ဝမ်က ရိုက်တာမှာ ဖော်ပြထားတဲ့ သတင်းကို ကိုးကားဖော်ပြခဲ့တာလို့ ရှေ့နေ ဆီရီဝမ် ဗောင်ကစ်ပိုင်ဆန်က ပြောပါတယ်။ အခုလို အပြစ်မရှိကြောင်း  ဆုံးဖြတ်ချက်ကို ဖူးခတ်ခရိုင် တရားရုံးကနေ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သတင်းထောက်တွေကို ထောင်ဒဏ် ၂ နှစ် ကျခံရနိုင်တဲ့ ဂုဏ်သိက္ခာကျဆင်းစေမှု၊ ထောင်ဒဏ် ၅ နှစ်ချမှတ်နိုင်မယ့် ကွန်ပျူတာ ရာဇ၀တ်မှုနဲ့ ထိုင်းရေတပ်က စွဲဆိုခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up