လူမြင်ကွင်းတွင် အ၀တ်အစားကျွတ်သည်အထိ ရန်ဖြစ်သည့် တရုတ်လင်မယား (ရုပ်သံ)
DVB
·
September 1, 2015
လမ်းပေါ်မှာ တယောက်အ၀တ်အစားကို တယောက်ဆွဲချွတ်ပြီး ရန်ဖြစ်နေတဲ့ တရုတ် လင်မယား ၂ ဦးရဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
လူများတဲ့လမ်းပေါ်မှာ ရန်ဖြစ်နေတဲ့ ဒီလင်မယား ၂ ဦးကို တဦးတယောက်ကမှ ဟန့်တားခြင်း မရှိပါဘူး။
ဖြတ်သန်းသွားတဲ့လူတွေက ဒီဖြစ်ရပ်ကို ရိုက်ကူးပြီး တရုတ်လူမှုရေးကွန်ရက် ဝေဘိုပေါ် တင်ခဲ့ပါတယ်။
လင်မယား ၂ ဦးမှာ မယားက လင်ကို အသုံးမကျဟု ပြောဆိုနေပြီး လင်က ဘ၀ကို ပိုကောင်းအောင် လုပ်နေတယ်လို့ ပြောဆိုတဲ့အကြောင်းလည်း ဆိုပါတယ်။