A d v e r t i s e m e n t With Us

မဲစာရင်း မှားယွင်းမှုရှိရင် ပြင်ဆင်လို့ ရသေးကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြော

ဓာတ်ပုံ - Union Election Commission
လာမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းထဲမှာ မှားယွင်းတာတွေ ရှိနေရင်လည်း ပြင်ဆင်လို့ ရသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။ ရန်ကုန်မြို့ ပတ်ရွိုင်လ်ရယ်ဟိုတယ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့က ပြုလုပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ အရပ်ဘက်လူမှုအဖွဲ့တွေ တွေဆုံးအပြီးမှာ ပြောဆိုလိုက်တာပါ။ မဲပေးပိုင်ခွင့်ရှိသူ စာရင်းတွေကိုတော့ လာမယ့် စက်တင်ဘာလလယ်လောက်မှာ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအပေါ်မှာ ပြည်သူတွေ စိတ်ဝင်စားမှုရှိလာစေဖို့အတွက် အသိပညာပေး လုပ်ဆောင်မှုတွေ အားနည်နေသေးတယ်လို့ ပြောဆိုဝေဖန်မှုတွေရှိနေတဲ့အပေါ်မှာတော့ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက တုံ့ပြန် ပြောဆိုသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up