A d v e r t i s e m e n t With Us

ဖိလစ်ပိုင်သမ္မတကိုယ်တိုင် ဦးကျော်သူကို ရေမွန် မက်ဆေးဆေးဆုပေးအပ်

ဖိလစ်ပိုင်နိုင်ငံ ပေးအပ်တဲ့ ၂၀၁၅ ခုနှစ်အတွက် ရေမွန် မက်ဆေးဆေးဆုကို ဖိလစ်ပိုင် သမ္မတ ဘန်နစ်နို အကွီနိုက မြန်မာနိုင်ငံအတွက် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ရုပ်ရှင်မင်းသားကြီး ဦးကျော်သူကို ပေးအပ်လိုက်ပါတယ်။ ဆုပေးပွဲအခမ်းအနားကို ဖိလစ်ပိုင် ယဉ်ကျေးမှုဌာနမှာ သြဂုတ် ၃၁ ရက်နေ့က ပြုလုပ်သွားပြီး ဖိလစ်ပိုင် သမ္မတ ကိုယ်တိုင် ဆုပေးအပ်ခဲ့တာပါ။ ဆုပေးရေးအဖွဲ့ကတော့ ကွယ်လွန်သွားသူတွေနဲ့ ကျန်ရစ်သူ မိသားစုတွေအတွက် လူမျိုးနဲ့ ဘာသာမရွေး စေတနာထားပြီး ဈာပနာ အခမ်းအနားတွေ လုပ်ဆောင်ပေးတဲ့အတွက် အသိအမှတ်ပြုပြီး ဆုပေးတာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။ ရေမွန် မက်ဆေးဆေးဆုဟာ အာရှတိုက်ရဲ့ နိုဘယ်လ်ဆုလို့ တင်စားခြင်းခံရတဲ့ဆုလည်း ဖြစ်ပြီး ဦးကျော်သူဟာ မြန်မာနိုင်ငံကနေ ၆ ဦးမြောက် ဆုပေးအပ်ခံရတဲ့သူလည်း ဖြစ်ပါတယ်။ ဓာတ်ပုံ - Official Gazette of the Republic of the Philippines  

A d v e r t i s e m e n t With Us

More News
Up