A d v e r t i s e m e n t With Us

လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရက် ကုန်ဆုံးပြီ

နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ စိစစ်ရက်ဟာ သြဂုတ် ၃၁ ရက်မှာ နောက်ဆုံးသတ်မှတ်ရက်အဖြစ် ကုန်ဆုံးသွားပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်မှာ လျှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အတွက် စုစုပေါင်း ၆၁၈၉ ဦး ရှိပြီး ကော်မရှင်က နောက်ဆုံး စိစစ် အတည်ပြုနိုင်တဲ့အရေအတွက်ကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ မန္တလေးတိုင်းအတွင်းမှာတော့ ဥပဒေနဲ့ မကိုက်ညီလို့ ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ခံထားရပြီး အယူခံ ပြန်ဝင်ထားသူ ၄ ဦးရှိတယ်လို့  မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်က ဒီဗွီဘီကို ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ၇ ဦး အပယ်ခံရပြီး သူတို့တွေကတော့ မန္တလေးတိုင်း ၁ ယောက်၊ ကယားပြည်နယ် ၁  ယောက်၊ ကချင်ပြည်နယ် ၃ ယောက်နဲ့ ရှမ်းပြည်နယ်က ၂ ယောက် ဖြစ်ပါတယ်။ ပယ်ချခံရသူတွေဟာ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေမှာ အယူခံခွင့်တင်မှာ ဖြစ်ပြီး အဲဒီအဆင့်ကနေ ထွက်လာတဲ့ အဆုံးအဖြတ်ဟာ အတည်အဖြစ် လက်ခံရမှာပါ။ အယူခံဝင်တာ ရှုံးရင် ကိုယ်စားလှယ် အစားထိုးခွင့် မရှိတာကြောင့် အဲဒီမဲဆန္ဒနယ်ကို လက်လွတ်ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ ကော်မရှင်က မကြာခင်မှာ ကိုယ်စားလှယ်စားရင်းကို ထုတ်ပြန်ပေးမယ်လို့ ပြောဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up