အာဆီယံ ယူ ၁၉ ပြိုင်ပွဲ မြန်မာအသင်း ဗီယက်နမ်ကိုရှုံးပြီး အုပ်စုမှထွက် (ရုပ်သံဟိုက်လိုက်)

3.4K
အာဆီယံ ယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု ဘီ နောက်ဆုံးပွဲစဉ်မှာ မြန်မာအသင်းဟာ ဗီယက်နမ်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးပြီး အုပ်စုအဆင့်ကနေ ထွက်သွားရပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ ဗီယက်နမ်အသင်းက မြန်မာဘက်ကို ခြေအသာနဲ့ ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။
မြန်မာအသင်း အချိတ်အဆက် ကောင်းကောင်း မမိသလို နောက်တန်းမှာလည်း အမှားအယွင်း များခဲ့ပြီး ဗီယက်နမ်အသင်းက အသုံးမချနိုင်လို့သာ ဒီထက် ဂိုးမပြတ်တာ ဖြစ်ပါတယ်။
မြန်မာကစားသမားတွေ ဗီယက်နမ်နောက်တန်းကိုလည်း ထိထိရောက်ရောက် ထိုးဖောက်နိုင်ခဲ့ခြင်း မရှိပါဘူး။
ဗီယက်နမ်အတွက် အနိုင်ဂိုးတွေကို ၄၁ မိနစ်နဲ့ ၇၈ မိနစ်မှာ သွင်းယူပါတယ်။
ဒီပွဲကိုနိုင်တဲ့ ဗီယက်နမ်က အုပ်စုဗိုလ်နဲ့ ဆီမီးဖိုင်နယ်ကို တက်သွားပြီး ဆီမီးမှာ တဘက်အုပ်စုက ဒုတိယရတဲ့ အိမ်ရှင် လာအိုနဲ့ ယှဉ်ပြိုင်ရမှာပါ။
နောက်ထပ် ဆီမီးပွဲစဉ်မှာတော့ ထိုင်းက မလေးရှားနဲ့ ဆုံရမှာပါ။
ဆီမီးဖိုင်နယ် ပွဲစဉ်တွေကို စက်တင်ဘာ ၂ ရက်နေ့မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။