မိုနာကိုတိုက်စစ်မှူး အန်သိုနီ မာရှယ်ကို မန်ယူ ခေါ်

ဓာတ်ပုံ - mirror
1.5K
မန်ချက်စတာယူနိုက်တက် အသင်းက အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှူး အန်သိုနီ မာရှယ်ကို ပေါင် ၃၆ သန်းပေးပြီး ပြင်သစ်ကလပ် မိုနာကိုအသင်းကနေ ခေါ်ယူလိုက်ပါတယ်။
တိုက်စစ်မှူး မာရှယ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့က မန်ယူအသင်းနဲ့ ဆေးစစ်မှု ခံယူခဲ့ပါတယ်။
အာဆင်နယ်အသင်းကလည်း သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
လူငယ်တိုက်စစ်မှူး မာရှယ်ဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီ ပြင်သစ်အမှတ်ပေးလိဂ်မှာ မိုနာကိုအတွက် ၃၁ ပွဲ ကစားပေးထားပြီး ၈ ဂိုး သွင်းယူထားပါတယ်။
မာရှယ်ဟာ မန်ယူကနေ ခေါ်ယူတဲ့အထဲမှာ တတိယမြောက် ဈေးအကြီးဆုံး ကစားသမားလည်း ဖြစ်ပါတယ်။
သူဟာ ပြင်သစ် ယူ ၂၁ အသင်းရဲ့ ကစားသမားဖြစ်သလို လက်ရွေးစင်အသင်းကြီးကလည်း ခေါ်ယူခြင်း ခံထားရပါတယ်။
အန်သိုနီဟာ ပြင်သစ် တိုက်စစ်မှူးဟောင်း အွန်နရီနဲ့ ကစားပုံ ဆင်တယ်ဆိုပြီး တင်စားခြင်း ခံထားရသူလည်း ဖြစ်ပါတယ်။