A d v e r t i s e m e n t With Us

အများပြည်သူ ၀င်ရောက်လေ့လာနိုင်သည့် ဂျာမနီဝန်ကြီးချုပ် ရုံးခန်း (ရုပ်သံ)

ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်က သူ့ရုံးခန်းကို နှစ်စဉ် အများပြည်သူတွေ လေ့လာခွင့်ပေးတဲ့ အစဉ်အလာဟာ အခုဆိုရင် ရိုးရာပွဲတော်တခုလို ဖြစ်လာပါတယ်။ စစ်ဘင်ခရာအဖွဲ့က တီးမှုတ်နေတဲ့ အချိန်မှာ သာမန် ပြည်သူတွေဟာ ၀န်ကြီးချုပ် ရုံးခန်းထဲအထိ ၀င်ရောက်လေ့လာနိုင်ကြပြီး ပုံမှန်အားဖြင့် နိုင်ငံတကာ ခေါင်းဆောင်တွေကို ဧည့်ခံ ကြိုဆိုလေ့ရှိတဲ့ ကောဇောနီပေါ်မှာလည်း လမ်းလျှောက်နိုင်ကြပါတယ်။ ၀န်ကြီးချုပ်ခရီးစဉ်တွေမှာသုံးတဲ့ ရဟတ်ယာဉ်ကိုလည်း အနီးကပ် ကြည့်ရှုခွင့် ရရှိကြပါတယ်။ ဂျာမန်ဝန်ကြီးချုပ်ရုံးဟာ အမေရိကန်သမ္မတ အိမ်ဖြူတော်ထက် ကြီးမားပြီး ဂျာမနီတွေက အ၀တ်လျှော်စက်လို့ ခေါ်ကြပါတယ်။ ၀န်ကြီးချုပ် ရုံးခန်းထဲအထိ ၀င်ခွင့်ရတဲ့ ပြည်သူတွေက အံ့သြ၀မ်းသာ ဖြစ်သလို နွေးထွေးတဲ့ ခံစားမှုကို ပေးတယ်လို့ ဆိုကြပါတယ်။ ဒီအဆောက်အဦကြီးကို တည်ဆောက်ဖို့ အရင် ၀န်ကြီးချုပ်ဟောင်း ဟဲမတ်တ် ကိုးလ် (Helmut Kohl) က အဆိုပြုတင်ပြခဲ့ပြီး အရာရှိ ၄၅၀ ရဲ့  ရုံးခန်းတွေ ပါဝင်ပါတယ်။ အဆောက်အဦ ဒီဇိုင်းအတွက် နိုင်ငံပေါင်း ၅၄ ခုက ဗိသုကာပညာရှင် ၈၃၅ ယောက်က ၀င်ပြိုင်ခဲ့ကြပြီး ၂၀၀၁ ခုနှစ်မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up