ဘန်ကောက်ဗုံးခွဲ တရားခံ ဖမ်းမိရေး ကြေညာထားသည့် ဆုငွေ ရဲတပ်ဖွဲ့ရမည်

ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ။ (ဓာတ်ပုံ - nationmultimedia)
1.6K
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှုအတွက် သံသယရှိသူကို ရှာဖွေနိုင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ထိုင်းရဲတပ်ဖွဲ့က ဘတ် ၃ သန်း ချီးမြှင့်မှာ ဖြစ်ပါတယ်။
ဗုံးခွဲမှုနဲ့ သံသယရှိသူကို ဖမ်းဆီးနိုင်တဲ့သူ၊ သတင်းပေးတဲ့သူကို ချီးမြှင့်မယ့် ၃ သန်း ထိုင်းရဲတပ်ဖွဲ့ကို ပေးမှာလို့ ရဲတပ်ဖွဲ့အကြီးအကဲ ဆုမ်ယုဒ် ဖုန့်ဖန်းမုန့်က ပြောပါတယ်။
သြဂုတ် ၂၉ ရက်မှာ သံသယရှိသူကို ဖမ်းဆီးလိုက်တာဟာ ရဲတပ်ဖွဲ့ရဲ့ ဇွဲနဲ့ အလုပ်ကြိုးစားမှုကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။
သံသယရှိသူက သူနဲ့အတူ ကြံရာပါ ၃ ဦးရဲ့ နာမည်တွေကို ထုတ်ဖော်ပြောကြားခဲ့ပြီး သူ့ကို အချုပ်ထဲမှာ သတိရှိရှိနဲ့ စစ်ဆေးနေတယ်လို့လည်း ထိုင်းစစ်တပ်အကြီးအကဲက ပြောပါတယ်။
ဒါ့အပြင် ရဲတပ်ဖွဲ့ ပြောခွင့်ရကလည်း နိုင်ငံတကာ ဆက်ဆံရေး မထိခိုက်ဖို့အတွက် သံသယရှိသူရဲ့ တိုင်းပြည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသလို ဘန်ကောက်က နေရာအတော်များများကိုလည်း ဆက်လက် ရှာဖွေနေတယ်လို့ ပြောပါတယ်။
ပထမ သံသယရှိသူကို ဖမ်းဆီးရမိတဲ့ တိုက်ခန်းနဲ့ မနီးမဝေးမှာ ဗုံးလုပ်တဲ့ ပစ္စည်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောက်ထပ်သံသယရှိသူ အာရှသားတဦးနဲ့ ထိုင်းအမျိုးသမီးတဦးရဲ့ ရုပ်ပုံကိုလည်း ထုတ်ပြန်ထားပြီး ဒီလူတွေကို ဖမ်းဆီးဖို့ ၀ရမ်းထုတ်ထားပါတယ်။