A d v e r t i s e m e n t With Us

အီဂျစ်နိုင်ငံတွင် အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်တခုတွေ့

ဓာတ်ပုံ - ရိုက်တာ
အီတလီစွမ်းအင်ကုမ္ပဏီတခုဖြစ်တဲ့ အန်နီစပါးဟာ အီဂျစ်နိုင်ငံ မယ်ဒီတာရေးနီး ယန်းကမ်းလွန်ပင်လယ်ထဲမှာ တွေ့ဖူးသမျှထဲအကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်တခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သြဂုတ်လ ၃၀ ရက်နေ့မှာ ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က လော်ဒီယိုဒက်စ်ကာလ်ဇီက အီဂျစ်နိုင်ငံသမ္မတ အက်ဘ်ဒယ်ဖာတေးအယ်စီဆာနဲ့ တွေ့ဆုံစဉ် မှာ ပြောလိုက်တာ ဖြစ်ပါတယ်။ ခုတွေ့ရှိရတဲ့ သဘာဝဓာတ်ငွေ့သိုက်ဟာ ဧရိယာ ကီလိုမီတာ ၁၀၀ ကျော်ပေါ်မှာ တည်ရှိပြီး ဓာတ်ငွေ့ကုဗပေ ၃၀ ထရီလီယံထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ အန်နီက ထုတ် ပြန်လိုက်တာပါ။ အဲဒီဓာတ်ငွေ့သိုက်ကို အီဂျစ်နိုင်ငံကမ်းခြေမှ ၁၉၀ ကီလိုမီတာအကွာမှာ တွေ့ရှိခဲ့ တာဖြစ်ပြီး အနက် ၁၄၅၀ မီတာ ရှိတယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။ ဇိုအာ အမည်ရ အဲဒီဓာတ်ငွေ့သိုက်ဟာ မယ်ဒီတာရေးနီးယန်း ကမ်းလွန်ပင်လယ်ထဲမှာ တွေ့ရှိရသမျှထဲမှာ အကြီးဆုံးဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးသဘာဝဓာတ်ငွေ့သိုက် ဖြစ်လာမယ်လို့ အန်နီစပါးစွမ်းအင်ကုမ္ပဏီက သြဂုတ်လ ၃၀ ရက်နေ့က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အန်နီစပါးစွမ်းအင်ကုမ္ပဏီဟာ အီဂျစ်နိုင်ငံမှာ ၁၉၅၄ ခုနှစ်တည်းက စတင်လုပ် ကိုင်ခဲ့တာဖြစ်ပါတယ်။ ကလော်ဒီယိုဒက်စ်ကာလ်ဇီက အီဂျစ်နိုင်ငံဟာ စွမ်းအင်ကဏ္ဍမှာ အလားအလာ ကောင်းတွေရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ ဒီတွေ့ရှိမှုအတွက် အီဂျစ်အစိုးရအနေနဲ့ ၀မ်းသာနေပြီး နိုင်ငံတွင်းစွမ်းအင်လိုအပ် ချက်ကို လျှော့ချနိုင်မှာဖြစ်တယ်လို့ အီဂျစ်နိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာနပြောခွင့်ရသူ ဟမ်ဒီ အက်ဗ်ဒယ်လာဇီက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up