နယူးအော်လန် တီးဝိုင်းနှင့် ကပြခဲ့သည့် အမေရိကန် သမ္မတဟောင်း (ရုပ်သံ)

1.6K
လူဝီစီယားနား နယူးအော်လန် မှာရှိတဲ့ ၀ါရင့် အီစတန် ချာတာကျောင်းက ဘင်ခရာတီးဝိုင်းရှေ့မှာ အမေရိကန်ပြည်ထောင်စု သမ္မတဟောင်း ဂျော့ဒဗလျူဘွတ်ရှ်က ခဏတာ ကပြခဲ့ပါတယ်။
ဟာရီကိန်း ကတ်ထရီနာ ၁၀ နှစ်ပြည့် အမှတ်တရပွဲမှာ စကားမပြောခင် ကျောင်းက ဘင်ခရာဝိုင်းရှေ့မှာ သူက အခုလို ကပြခဲ့တာ ဖြစ်ပါတယ်။
နယူးအော်လန်ကျောင်းရဲ့ ကြံ့ကြံ့ခံနိုင်မှုကို ဘွတ်ရှ်က မိန့်ခွန်းမှာ ချီးကျူးသွားခဲ့ပါတယ်။
၂၀၀၅ ခုနှစ် သြဂုတ် ၂၉ ရက် နယူးအော်လန်မှာ မုန်တိုင်း ကတ်ထရီနာ တိုက်ခတ်ခဲ့တာဖြစ်ပြီး လူ ၁၈၀၀ ကျော်သေကာ ဒေါ်လာ ၁၅၁ ဘီလီယံ ဆုံးရှုံးခဲ့တဲ့ ဒီမုန်တိုင်းအပေါ် သမ္မတ ဘွတ်ရှ်ရဲ့ ကိုင်တွယ်မှုဟာ ဝေဖန်ခံခဲ့ရပါတယ်။
နှောင့်နှေးကြန့်ကြာတဲ့ ကူညီကယ်ဆယ်မှုတွေကြောင့် သူ့အတွက် အမည်းစက် စွန်းထင်းခဲ့ပါတယ်။
မြို့တွင်းက ဆုံးရှုံးမှုတွေကို ပြန်လည်အမှတ်ရတဲ့အနေနဲ့ နှစ်ပတ်လည် အခမ်းအနားတွေကို သြဂုတ် ၂၉ ရက်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။