ခြေထောက်ဒဏ်ရာကြောင့် ယူအက်စ်အိုးပင်းပွဲ မပြိုင်တော့ဟု ရှာရာပိုဗာ ပြော

ဓာတ်ပုံ - ရိုက်တာ
ယူအက်စ်အိုပင်း တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရုရှား တင်းနစ်အကျော်အမော် မာရီယာ ရှာရာပိုဗာ ၀င်ပြိုင်တော့မှာ မဟုတ်ဘူးလို့ သြဂုတ် ၃၀ ရက်နေ့က အတည်ပြုပါတယ်။ ခြေထောက်ဒဏ်ရာကြောင့် အခုလို ဆုံးဖြတ်တာလို့ ဆိုပါတယ်။ အသက် ၂၈ နှစ်အရွယ် ရှာရာ ဗိုဗာဟာ ဇူလိုင်လတုန်းက ၀င်ဘယ်တန်ပြိုင်ပွဲမှာ ဆရီနာ ၀ီလျံကို ဆီမီးဖိုင်နယ်မှာ ရှုံးခဲ့ပြီးကတည်းက ပြိုင်ပွဲတွေကနေ နားနေတာ ဖြစ်ပါတယ်။ အခုတခါ သြဂုတ် ၃၁ ရက် ဒီနေ့မှာ စတင်မယ့် ယူအက်စ်အိုးပင်းပြိုင်ပွဲမှာလည်း ၀င်ပြိုင်နိုင်ဦးမှာ မဟုတ်ဘူးလို့ ရှာရာပိုဗာက တွစ်တာမှာ ရေးသားထားပါတယ်။

More News
Up