ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမီ သားငယ်ရောက်ရှိ
DVB
·
June 19, 2011
ဒီနေ့ကျရောက်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ ကျင်းပဖို့ နာရီပိုင်းအလို ဒီမနက်မှာ သူ့သားငယ် ကိုထိန်လင်း ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ရောက်ရှိလာပါတယ်။
[caption id="attachment_11010" align="alignright" width="312" caption="ဓာတ်ပုံ - ဒီဗွီဘီ - ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတဲ့ ကိုထိန်လင်း (၁၉ ဇွန် ၂၀၁၁)"][/caption]
ကိုထိန်လင်းဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ မနှစ်က နိုဝင်ဘာမှာလည်း မြန်မာပြည်ကို ရောက်ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အခမ်းအနားကို ရန်ကုန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒီနေ့မွန်းလွဲ တနာရီမှာ စတင်ကျင်းပမှာဖြစ်ပြီး ငြိမ်းချမ်းရေး ဆုတောင်းပွဲလည်း ပါဝင်မယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခမ်းအနားကို မြန်မာပြည်က မြို့အသီးသီးမှာရော ပြည်ပနိုင်ငံတွေမှာပါ ကျင်းပနေကြပါတယ်။