A d v e r t i s e m e n t With Us

ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဒီဘရိုင်း ကို မန်စီးတီး ခေါ်

မန်ချက်စတာစီးတီးအသင်းဟာ ဂျာမန်ကလပ် ၀ုဖ်ဘတ်အသင်းရဲ့ ကွင်းလယ်ကစားသမား ကယ်ဗင် ဒီဘရိုင်းကို ပေါင် ၅၅ သန်းပေးပြီး အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဘယ်ဂျီယံလက်ရွေးစင် ကွင်းလယ်လူကို မန်စီးတီးက ၆ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။ ဒီဘရိုင်းဟာ မန်စီးတီးကနေ အခု အပြောင်းအရွှေ့မှာ ၄ ယောက်မြောက် ခေါ်ယူခြင်းခံရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ စီးတီးနည်းပြကတော့ အသင်းကို တိုးတက်အောင် လုပ်ပေးမယ့် ကစားသမားကို ခေါ်ယူလိုက်တာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ဒီဘရိုင်းဟာ ချဲလ်ဆီး ကစားသမားဟောင်း ဖြစ်ပြီး ၂၀၁၄ မှာ ၀ုဖ်ဘတ်ကို ပြောင်းရွှေ့သွားတာပါ။ သူဟာ ပြီးခဲ့တဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါဘောလုံးရာသီမှာ အကောင်းဆုံး ကစားသမားဆုကို ရရှိထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up