ဒေါ်​အောင်ဆန်း​စုကြည် မွေးနေ့အမီ သားငယ်ရောက်ရှိ

ဓာတ်ပံု - ဒီဗွီဘီ - ရန်ကုန်​ေလဆိပ်ကို ​ေရာက်ရှိလာတဲ့​ ကိုထိန်လင်း​ (၁၉ ဇွန် ၂၀၁၁)
ဒီ​နေ့​ကျ​ရောက်တဲ့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​မွေး​နေ့​ပွဲ ကျင်း​ပဖို့​ နာရီပိုင်း​အလို ဒီမနက်မှာ သူ့​သား​ငယ် ကိုထိန်လင်း​ ရန်ကုန် မင်္ဂလာဒုံ​လေဆိပ်ကို ​ရောက်ရှိလာပါတယ်။ [caption id="attachment_11010" align="alignright" width="312" caption="ဓာတ်ပုံ - ဒီဗွီဘီ - ရန်ကုန်​လေဆိပ်ကို ​ရောက်ရှိလာတဲ့​ ကိုထိန်လင်း​ (၁၉ ဇွန် ၂၀၁၁)"][/caption] ကိုထိန်လင်း​ဟာ ​ဒေါ်​အောင်ဆန်း​စုကြည် ​နေအိမ်အကျယ်ချုပ်က လွတ်​မြောက်လာတဲ့​ မနှစ်က နိုဝင်ဘာမှာလည်း​ မြန်မာပြည်ကို ​ရောက်ရှိခဲ့​ပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​မွေး​နေ့​အခမ်း​အနား​ကို ရန်ကုန် အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ရုံး​မှာ ဒီ​နေ့​မွန်း​လွဲ တနာရီမှာ စတင်ကျင်း​ပမှာဖြစ်ပြီး​ ငြိမ်း​ချမ်း​ရေး​ ဆု​တောင်း​ပွဲလည်း​ ပါဝင်မယ်လို့​ သိရပါတယ်။ ဒေါ်​အောင်ဆန်း​စုကြည် ​မွေး​နေ့​အခမ်း​အနား​ကို မြန်မာပြည်က မြို့​အသီး​သီး​မှာ​ရော ပြည်ပနိုင်ငံ​တွေမှာပါ ကျင်း​ပ​နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up