A d v e r t i s e m e n t With Us

ကာယအလှ ကစားပြီး ကြံ့ခိုင်ကြောင်း ပြလိုက်သည့် ရုရှားခေါင်းဆောင် (ရုပ်သံ)

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ၀န်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်တို့ အားကစားရုံထဲမှာ ကာယအလှ ကစားနေတဲ့ ရုပ်ပုံတွေကို ရုရှားအစိုးရက ထုတ်ပြန်လိုက်ပါတယ်။ သြဂုတ် ၃၀ ရက်က ထုတ်ပြန်လိုက်တဲ့ ရုပ်ပုံတွေထဲမှာတော့ ပူတင်ရဲ့ အကြမ်းပတမ်းခံပြီး ကျန်းမာကြံ့ခိုင်တဲ့ အနေအထားကို သက်သေပြဖို့အတွက် ရည်ရွယ်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အဖြူရောင်တီရှပ်၊ အပြေးဖိနပ်တို့ကို ၀တ်ဆင်ထားတဲ့ ပူတင်က ကြွက်သားကြံ့ခိုင်ဖို့ လေ့ကျင့်တဲ့ ပစ္စည်းတွေကို အသုံးပြု လေ့ကျင်နေတာပါ။ ဒီနောက် ပူတင်နဲ့ မက်ဗီဒက်တို့ဟာ အသားကင်စားပြီး လက်ဘက်ရည်သောက်နေတဲ့ ပုံတွေကိုလည်း ပြသခဲ့ပါတယ်။ အရင်ကလည်း ပူတင်ဟာ အပေါ်အင်္ကျီမပါဘဲ မြင်းစီးပြသလို ကျားလိုက်တာနဲ့ အသံမပါတဲ့ ဂျက်လေယာဉ်မောင်းပြတာတွေကို လုပ်ဆောင်ပြခဲ့ပါတယ်။ နှေးကွေးလာတဲ့ စီးပွားရေးနဲ့ အရင်နှစ်ကတည်းက ရေနံဈေးကျဆင်းမှုနဲ့ ယူကရိန်း ပဋိပက္ခမှာ ရုရှားရဲ့ ပါဝင်ပတ်သက်မှုကြောင့် ရုရှားငွေကြေး ကျဆင်းလာတဲ့အတွက် ပူတင်ကို လူကြိုက်နည်းလာပါတယ်။

A d v e r t i s e m e n t With Us

More News
Up