Home
မြန်မာသတင်း
စိတ်ကြွဆေးပြား ၁ သန်းခွဲခန့် မယ်ဆိုင်တွင် ဖမ်းဆီးရမိ
DVB
·
August 31, 2015
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မှာ ဘတ်ငွေသန်း ၂၈၀ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၁ ဒဿမ ၄ သန်းကို သြဂုတ်လ ၂၉ ရက်နေ့မှာ ရဲတွေက ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီမူးယစ်ဆေးသယ်ဆောင်တဲ့အဖွဲ့ဟာ ဓာတ်ဆီဆိုင်မှာ ၀ယ်သူတွေအဖြစ် ဟန်ဆောင်ပြီး စစ်ဆေးမှုကိုကျော်ဖြတ်ဖို့ ကြိုးစားခဲ့ကြပေမယ့် ရဲတွေက စစ်ဆေးမှုလုပ် မယ့်အချိန်မှာပဲ စိတ်ကြွဆေးပြားတွေ ထည့်သွင်းသယ်ဆောင်လာတဲ့အိတ်ကို စွန့်ပစ်ခဲ့ကြ တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဒါပေမယ့် သံသယရှိသူတွေကို ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီး သူတို့ရှိနိုင်မယ့် နေရာတွေကို ဆက်လက်ရှာဖွေနေကြတယ်လို့ အမှတ် ၈ ခရိုင်ရဲတပ်ဖွဲ့ ဒုတိယဗိုလ်ချုပ်ကြီး သနစ်ဆက်သီယာဆ၀ပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အခုသိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ထိုင်းနိုင်ငံမှာ ဆုငွေ ဘတ် ၅ သန်း ဖမ်းဝရမ်းထုတ်ထားတဲ့ ဒုတိယဗိုလ်မှူးကြီး ရက်ဆီဦးဆောင်တဲ့ အဖွဲ့ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ရဲတွေဟာ မယ်ဆိုင်ခရိုင်နယ်စပ်မှာ မူးယစ်ဆေးဝါး တရားမ၀င် သယ်ဆောင်မှုတွေကို ၂ လလောက် အနီးကပ်စောင့်ကြပ်ခဲ့တာလို့ ဒုတိယဗိုလ်ချုပ်ကြီး သနစ် ဆက်သီယာဆ၀ပ်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024