A d v e r t i s e m e n t With Us

ဥရောပအကြီးဆုံး လမ်းပေါ်ပွဲတခုဖြစ်သည့် နော့တင်းဟေးလ် ကာနီဘယ်ပွဲတော် (ရုပ်သံ)

လန်ဒန်မှာ နော့တင်းဟေးလ် (Notting Hill) ကာနီဘယ်ပွဲတော် ကို သြဂုတ် ၃၀ ရက်နေ့က စတင်ကျင်းပနေပါတယ်။ ဒီပွဲတော်ဟာ လန်ဒန် အနောက်ပိုင်းမှာ အာဖရိကန်-ကာရေဗီယံ ပွဲတော်တခု ဖြစ်ပြီး တောက်တောက်ပပ အ၀တ်အစားတွေကို ၀တ်ဆင်ကာ ပျော်ပျော်ရွှင်ရွှင် ချီတက်ကြတဲ့ ပွဲတော် ဖြစ်ပါတယ်။ ဥရောပမှာတော့ အကြီးဆုံး လမ်းပေါ်ပွဲလမ်းတခုဖြစ်ပါတယ်။ ကာနီဘယ် ပွဲတော်တွေကို အစည်းကားဆုံး ကျင်းပခဲ့တဲ့အချိန်ဟာ ၁၉၆၄ နဲ့ ၁၉၆၆ ကြားလို့ အမှတ်အသား ရှိတာကြောင့် ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ တို့မှာ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပဖို့ စိစဉ်သူတွေက ဆော်သြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up