A d v e r t i s e m e n t With Us

မန်ယူ အသင်း ပရီးမီးယားလိဂ် ပထမဆုံး ရှုံးပွဲတွေ့ (ရုပ်သံဟိုက်လိုက်)

သြဂုတ် ၃၀ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူ အသင်းဟာ အဝေးကွင်းမှာ ဆွမ်ဆီးကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ မန်ယူက ကွင်းလယ်ကစားသမား မာတာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ပေမယ့်လည်း ဆွမ်ဆီးက နောက်ကနေ လိုက်ကစားပြီး အနိုင်ယူခဲ့တာပါ။ ဆွမ်ဆီးအတွက် ချေပဂိုးကို ၆၁ မိနစ်မှာ အာရူး၊ အနိုင်ဂိုးကို ၆၆ မိနစ်မှာ ဂိုမစ်စ်တို့က သွင်းယူပြီး အနိုင်ရသွားတာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဒီနှစ် ဘောလုံးရာသီအစမှာ ပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ မန်ယူနည်းပြ ဗန်ဂါးက ဒုတိယပိုင်းမှာ အဓိက ကွင်းလယ်ကစားသမား ၂ ဦးအထိ အပြောင်းအလဲ ပြုလုပ်ပြီး ယှဉ်ပြိုင်ခဲ့တာပါ။ မန်ယူနည်းပြကတော့ ပွဲတခုလုံးကို ၈၅ မိနစ်အထိ ထိန်းချုပ်နိုင်ခဲ့ပေမယ့် ၅ မိနစ်လောက်ကိုတော့ မထိန်းနိုင်ဘဲ ဖြစ်ခဲ့တယ်လို့ ပြောဆိုသွားပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကိုတော့ ဆွမ်ဆီးတိုက်စစ်မှူး အာရူးက ရရှိသွားပါတယ်။ လောလောဆယ် အမှတ်ပေးဇယားမှာ ဆွမ်ဆီးက ၈ မှတ်နဲ့ အဆင့် ၄၊ မန်ယူက ၇ မှတ်နဲ့ အဆင့် ၅ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up