A d v e r t i s e m e n t With Us

ဖမ်းဆီးရမိသည့် နိုင်ငံခြားသား ဘန်ကောက် ဗုံးခွဲမှုတွင် ပါဝင်ဟု ထိုင်းရဲပြော

ဓာတ်ပုံ - Thairath News
သြဂုတ် ၂၉ ရက်နေ့က ဘန်ကောက်မြို့တော်မြောက်ပိုင်းမှာ ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသားတဦးဟာ လွန်ခဲ့တဲ့ ၂ ပတ်က ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုမှာ ပါဝင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က သြဂုတ် ၃၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။ သူ့ကို တရားမ၀င် လက်နက်ပိုင်ဆိုင်မှုနဲ့ စွဲချက်တင်ထားပြီး လုံခြုံရေးကင်မရာမှာ ရိုက်ကူးမိထားတဲ့ အဓိကသံသယရှိသူ မဟုတ်ဘူးလို့ ထိုင်းရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ အသက် ၂၈ နှစ်အရွယ် နိုင်ငံခြားသားကို သြဂုတ် ၂၉ ရက်နေ့က ဘန်ကောက်မြို့တော်မြောက်ဘက် နောင်ချွတ် (Nong Jok) မြို့နယ်မှာ ဖမ်းဆီးရမိခဲ့တာပါ။ သူ့ကို စစ်ဆေးမေးမြန်းနေပြီး သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုရရှိဖို့ ကြိုးစားနေတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ကြီး ဥဒုံဒက်ဂ်ျ စီတာဘွန်း (Udomdej Sitabutr) က ပြောပါတယ်။ ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာကို ထိုင်းအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုမှု မရှိသေးပေမယ့် သူ့ကို ဖမ်းဆီးခဲ့တဲ့အချိန်မှာ တူရကီနိုင်ငံကူးလက်မှတ် စာအုပ်တွေလည်း ဖမ်းဆီးရမိခဲ့တာပါ။ သူ့ကိုဖမ်းဆီးရမိတဲ့ တိုက်ခန်းထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေမှာ သုံးတဲ့ ဘောဘယ်ရင်တွေ၊ သံပိုက်တွေလည်း သိမ်းဆည်းရမိခဲ့ပြီး နတ်ကွန်းမှာ ဗုံးဖောက်ခွဲခဲ့စဉ်က သုံးခဲ့တဲ့ ပစ္စည်းတွေနဲ့ တူညီတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up