A d v e r t i s e m e n t With Us

ခမ်းခမ်းနားနား ကျင်းပသည့် အိမ်မွေးခွေးလေး၏ ဈာပန

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့က အမျိုးသမီးတဦးဟာ သေဆုံးသွားတဲ့ သူ့ရဲ့အိမ်မွေး ခွေးလေးအတွက် ဈာပနအခမ်းအနားတရပ်ကို သြဂုတ်လ ၂၉ ရက်နေ့က ခမ်းခမ်းနားနား ကျင်းပခဲ့တယ်လို့ စီစီတီဗွီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အောက်မေ့ဖွယ်ရာအခမ်းအနား၊ မီးသင်္ဂြိုဟ်တာနဲ့ ဘာသာရေးဆိုင်ရာဝန်ဆောင် မှုတွေကို အွန်လိုင်းစတိုးတခုမှတဆင့် ယွမ် ၈၀၀၀ (အမေရိကန်ဒေါ်လာ ၁၂၅၁) အကုန် အကျခံ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီဈာပန အခမ်းအနားအစီအစဉ်တွေထဲမှာ သန့်ရှင်းစင်ကြယ်ပြီးတဲ့ အိမ်မွေး ခွေးလေးရဲ့အလောင်းကို ပန်းပွင့်တွေနဲ့ခြံရံထားတဲ့ ခေါင်းတလားထဲမှာ အရင်ဆုံးထည့်ပြီး ယွမ်ငွေ ၁ သန်း (အမေရိကန်ဒေါ်လာ ၁၅၆၅၀၀) တန်ဖိုးရှိတဲ့ နိဗ္ဗာန်ယာဉ်ပေါ်မှာ တင်ဆောင်ပြီး အဲဒီယာဉ်နောက်က ၀မ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင်ဝတ်စုံ တွေဝတ်ဆင်ပြီး လိုက်ပါပို့ဆောင်ခဲ့ကြတာဖြစ်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up