A d v e r t i s e m e n t With Us

ဘန်ကောက် ဗုံးပေါက်ကွဲမှု နောက်ဆက်တွဲ သံသယရှိသူများကို ဆက်လက်ရှာဖွေ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုသံသယရှိသူကို ဖမ်းဆီးခဲ့ပြီးနောက်မှာ သူနဲ့ဆက်စပ်တဲ့ နောက်ဆက်တွဲ ကြံရာပါဖြစ်နိုင်ချေရှိသူတွေကို ရဲတွေက ဆက်လက်ရှာဖွေနေကြတယ်လို့ သည်ဂါးဒီးယန်းသတင်းမှာ ဖော်ပြပါတယ်။ အသက် ၂၈ နှစ်အရွယ် အဲဒီအမျိုးသားဟာ ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်တည်းက နေထိုင်ခဲ့တာဖြစ်ပြီး သူ့ဆီကနေ တရားမ၀င်ဗုံးလုပ်ရာမှာ သုံးနိုင်တဲ့ပစ္စည်းတွေနဲ့ နိုင် ငံကူးလက်မှတ်အတုတွေနဲ့အတူ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ နိုင်ငံခြားသားခရီးသည် ၁၄ ဦးအပါအ၀င် လူပေါင်း ၂၀ သေဆုံးပြီး လူပေါင်း ၁၀၀ ကျော်လောက်ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒီဗုံးပေါက်ကွဲမှုဟာ နိုင်ငံစီးပွားရေးကို ထိခိုက်စေတယ်လို့ ထိုင်းအာဏာသိမ်းစစ်တပ်အစိုးရက ပြောပါတယ်။ ရဲတွေနဲ့ ဒေသခံတွေက သံသယရှိသူတွေဟာ ဘန်ကောက်မြို့၊ နွန်ချော့ခရိုင် ထဲမှာ အခန်း ၄ ခန်း ငှားရမ်းထားခဲ့တယ်လို့ပြောပါတယ်။ ခုဖမ်းဆီးထားတဲ့ သံသယရှိသူဟာ တယောက်တည်းနေတာမဟုတ်ဘူးလို့ သူ နေထိုင်ခဲ့တဲ့ တိုက်ခန်းက အိမ်နီးချင်းအမျိုးသားနဲ့အမျိုးသမီးတဦးက ရိုက်တာသတင်း ဌာနကို ပြောပါတယ်။ သံသယရှိသူရဲ့အခန်းကို လူတယောက်က အကြိမ်ပေါင်းများစွာဝင်ထွက်ခဲ့တာကို သူတို့က တွေ့ခဲ့ကြပြီး သြဂုတ် ၂၉ ရက်နေ့ကတည်းက အဲဒီလူကို မတွေ့ရတော့တာလို့ ဆိုပါတယ်။ “ကျနော်တို့ အဲဒီထဲက ၂ ယောက်ကို မကြာခဏမြင်ဖူးတယ်။ အဲဒီ ၂ ယောက်ထဲ က တယောက်က ခုဖမ်းခံရတဲ့သူပဲ။ နောက်တယောက်က သူ့ထက်အရပ်ပိုမြင့်တယ်” လို့ အိမ်နီးချင်းအမျိုးသားက ပြောပါတယ်။ အခုဖမ်းမိတဲ့သူဟာ သူတို့အလိုရှိနေတဲ့သူဖြစ်တယ်လို့ ယုံကြည်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သြဂုတ်လ ၂၉ ရက်နေ့မှာ ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up