အမေရိကန် ဆယ်ကျော်သက် အိုင်အက်စ် ဆက်သွယ်မှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ကျ

အမေရိကန် ပြည်ထောင်စု ဗာဂျီနီးယား ပြည်နယ်က ဆယ်ကျော်သက်တဦးဟာ လူမှုကွန်ရက်မီဒီယာပေါ်မှာ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို ထောက်ခံရေးသားတဲ့အတွက်ကြောင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံလိုက်ပါတယ်။ အသက် ၁၇ နှစ်အရွယ် အာလီ အာမင်ဟာ အမေရိကန် ပြည်ထောင်စုမှာ ဒီလို အမှုမျိုးအတွက် ထောင်ဒဏ်အပြစ်ပေးခဲ့ရတဲ့ ပထမဆုံး ဆယ်ကျော်သက် ဖြစ်သွားပါတယ်။ အလက်ဇန်ဒရီးယားမြို့ တရားရုံးမှာ အမှုကို ကြားနာပြီးနောက် ထောင်ဒဏ် ၁၃၆ လ ကျခံဖို့ ခရိုင်တရားသူကြီး ကလက်ဒီ ဟယ်လတန်က အမိန့်ချလိုက်တယ်လို့ တရားရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ “လူမှုကွန်ရက်မီဒီယာကို အသုံးချပြီး အိုင်အက်စ်အဖွဲ့ကို ထောက်ခံမှု ပေးတာ၊ အားပေးကူညီတာတွေကို ဖော်ထုတ်အရေးယူရမယ်။ သူတို့ဟာလည်း  လက်နက်ကိုင်Nပီး သွားတိုက်နေတဲ့ လူတွေထက် မလျှော့တဲ့ ပြစ်ဒဏ်တွေ ပေးရမယ်” လို့ အစိုးရ ရှေ့နေ ဒန်နာ ဘွန်တီးက ပြောပါတယ်။ အာမင်ဟာ သူ့ကိုယ်ပိုင် တွစ်တာ အကောင့်ပေါ်မှာ အိုင်အက်စ်အဖွဲ့ကို ငွေကြေးထောက်ပံ့ဖို့  နည်းလမ်း ရေးသားခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရှေ့နေကတော့ အာမင်  ဦးနှောက်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက် ရှိသူဖြစ်ပြီး သူလုပ်ခဲ့မိတဲ့ လုပ်ရပ်အတွက် နောင်တရနေပါပြီလို့ စီရင်ချက် မချခင်မှာ လျှောက်လဲခဲ့ပါတယ်။ ဒါပေမယ့် အစိုးရ ရှေUaနတွေကတော့ အာမင်ဟာ ဗာဂျီနီးယားပြည်နယ်ထဲက အသက် ၁၉ နှစ်အရွယ်  ရီဇာ နစ်နီဂျက် ဆိုတဲ့ လူရွယ်ကို ဆီးရီးယားသွားဖို့ အကူအညီးပေးခဲ့တယ်လို့ ဆိုပါတယ်။ နစ်နီဂျက်ကလည်း ဗာဂျီနီးယားမှာပဲ အကြမ်ဖက်မှု၊ ပူးပေါင်းကြံစည်မှုတွေ အတွက် တရားစွဲခံထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up