ပျောက်ဆုံး နာဇီစစ်ရထား တွေ့ရှိမှု ၉၉ ရာခိုင်နှုန်း ဖြစ်နိုင်ဟုဆို (ရုပ်သံ)

1.3K
ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီး ရွှေငွေရတနာတွေနဲ့ ပျောက်ဆုံးသွားတဲ့ နာဇီစစ်ရထားဟာ မြေပြင်ဖောက်ရေဒါ ပုံရိပ်တွေအရ ၉၉ ရာခိုင်နှုန်း ဖြစ်နိုင်တယ်လို့ ပိုလန်အဆင့်မြင့်အာဏာပိုင်တဦးက ပြောဆိုပါတယ်။
အခုလိုပြောဆိုပေမယ့် ရထားတည်ရှိတဲ့ နေရာအတိအကျကိုတော့ မပြောဆိုပေမယ့် အဲ့ဒီစစ်ရထားမှာ နာဇီတွေ ခိုးယူသွားတဲ့ အနုပညာတွေ၊ လျို့ဝှက်အချက်အလက်တွေပါရရှိမယ်လို့ ယုံကြည်ကြောင်း ပိုလန်ယဉ်ကျေးမှု ဒုတိယ၀န်ကြီးက သတင်းထောက်တွေကိုပြောဆိုပါတယ်။
စကင်ဓာတ်ပုံတွေအရ ရထားမှာ စက်သေနတ်ဆုံတပ်ဆင်ထားပြီး ဒီရထားဟာ ထောင်ချောက်တခုလည်းဖြစ်နိုင်တဲ့အတွက် ဒီရတနာသိုက်ကို ရှာဖွေနေတဲ့လူတွေကို သတိပေးခဲ့ပါတယ်။
ဒီနာဇီရထားကို ၀ှက်ခဲ့ချိန်မှာ ပါဝင်ခဲ့သူတဦးက သေဆုံးခါနီးမှာ ဒီရထားနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပြောဆိုခဲ့တာလို့လည်း ဒုဝန်ကြီးကပြောဆိုပါတယ်။
အခုလဆန်းပိုင်းက ဂျာမနီနိုင်ငံသားတဦးနဲ့ ပိုလန်နိုင်ငံသားတဦးက ဒီရထားရှိတဲ့နေရာကို သိတယ်လို့ ပိုလန်အာဏာပိုင်တွေကိုပြောဆိုခဲ့ပြီး တွေ့ရှိသမျှ ပစ္စည်းတွေအားလုံးရဲ့ ၁၀ ရာခိုင်နှုန်း ပေးဖို့ တောင်းဆိုထားတာပါ။
ဒီနာဇီစစ်ရထားနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ အထောက်အထားနဲ့ ခိုင်ခိုင်မာမာပေါ်ပေါက်ခဲ့ဖူးတာ မရှိပေမယ့် ၁၉၄၃-၄၅ အတွင်း နာဇီတွေရဲ့ ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်းတွေဟာ ရထားပျောက်ကွယ်သွားတဲ့နေရာနားမှာ အရှည် ၅ မိုင်ရှိတဲ့ မြေအောက်လိုဏ်ခေါင်းကို တူးဖော်ခဲ့ကြရတာပါ။
နာဇီတွေ စစ်ရှုံးခါနီး ရုရှားတပ်တွေ ၀ိုင်းပိတ်မိတဲ့အခါ ရွှေတန်ချိန် အများအပြား တင်ဆောင်လာတဲ့ စစ်ရထားဟာ လက်ရှိပိုလန်နိုင်ငံ မြို့နားမှာ ပျောက်ဆုံးသွားတယ်လို့ ယုံကြည်ခဲ့ကြတာပါ။