ရီးရဲလ် နှင့် ဘာစီ အနိုင်ရသွားသည့် စပိန်လာလီဂါ (ရုပ်သံဟိုက်လိုက်)

သြဂုတ် ၂၉ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါ ပွဲစဉ် ၂ မှာ နာမည်ကြီး အသင်းတွေဖြစ်တဲ့ ရီရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ အနိုင်ရသွားပါတယ်။ ရီရဲလ်မက်ဒရစ်က အိမ်ကွင်းမှာ ရီရဲလ် ဘီတစ်အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရသွားတာပါ။ အနိုင်ဂိုးတွေကို ဂါရတ် ဘေးလ်၊ ရော်ဂီဂတ်ဇ်နဲ့ ဘန်ဇီမာတို့က သွင်းယူပါတယ်။ နည်းပြ ဘင်နီတတ်ဇ်အတွက်တော့ ရီရဲလ်အသင်းနဲ့ အတူ ပထမဆုံး နိုင်ပွဲ စရတာ ဖြစ်ပါတယ်။ ဘာစီလိုနာကတော့ အိမ်ကွင်းမှာ မာလာဂါကို ၁ ဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရသွားပါတယ်။ အနိုင်ဂိုးကို နောက်တန်းသမား ဗာမယ်လန်က သွင်းယူပါတယ်။ လက်ရှိ စပိန်လာလီဂါ အမှတ်ပေးဇယားကို ဆဲလ်တာ ဗစ်ဂိုးအသင်းက ၆ မှတ်နဲ့ ဦးဆောင်နေပြီး ဘာစီလိုနာကလည်း ၆ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ရီရဲလ်မက်ဒရစ်ကတော့ ၄ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

More News
Up