A d v e r t i s e m e n t With Us

ချဲလ်ဆီး နှင့် လီဗာပူး ရှုံးနိမ့်သွားသည့် ပရီးမီးယားလိဂ် (ရုပ်သံဟိုက်လိုက်)

သြဂုတ် ၂၉ ရက်နေ့ည ပရီးမီးယားလိဂ်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရာမှာ ချဲလ်ဆီးက အိမ်ကွင်းပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးသွားပါတယ်။ ချဲလ်ဆီးအတွက်တော့ အမှတ်ပေးလိဂ် အိမ်ကွင်းပွဲ ၁၀၀ ပြည့်မှာ ဒုတိယမြောက် ရှုံ့းပွဲနဲ့ ရင်ဆိုင်လိုက်ရတာ ဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ၄ ပွဲမြောက်မှာ ၄ မှတ်ပဲရသေးလို့ အမှတ်ဇယားရဲ့ အဆင့် ၁၃ နေရာမှာ ရှိနေပြီး ဇယားထိပ်က မန်စီးတီးနဲ့ ၈ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ လီဗာပူးကလည်း အိမ်ကွင်းမှာပဲ ၀က်စ်ဟမ်းအသင်းကို ၃ ဂိုးပြတ်နဲ့ အရေးနိမ့်သွားပါတယ်။ ဒီပွဲရှုံးလို့ လီဗာပူးက ရမှတ် ၇ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရှိနေပါတယ်။ အာဆင်နယ်ကတော့ နယူးကာဆယ်ကို ၁ ဂိုးတည်းနဲ့ အနိုင်ရ သွားပါတယ်။ နယူးကာဆယ်အသင်းက ကစားသမား ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ အာဆင်နယ် အနိုင်ရသွားတာပါ။ ဒီပွဲနိုင်လို့ အာဆင်နယ်က ၇ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရပ်တည် နေပါတယ်။ မန်စီးတီးကတော့ အိမ်ကွင်းမှာ ၀က်ဖို့ဒ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။ ၄ ပွဲကစား ၄ ပွဲစလုံး နိုင်ထားတဲ့ မန်စီးတီးဟာ အမှတ်ပေးဇယားမှာ ၁၂ မှတ်နဲ့ ဦးဆောင်နေပြီး ဒုတိယနေရာက ခရစ္စတယ်ပဲလေစ့်အသင်းကို ၃ မှတ် ဖြတ်ထားနိုင်လိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up