A d v e r t i s e m e n t With Us

တရုတ်တွင် မိုးများမှုကြောင့် နာမည်ကျော်ရေတံခွန်ကြီး ပိတ် (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်မြောက်ဒေသမှာ မိုးများနေတာကြောင့် အဲဒီဒေသထဲက နာမည်ကျော် ရေတံခွန်ကိုလည်း တစိတ်တပိုင်း ပိတ်ထားရပါတယ်။ အန်ရှန်းမြို့မှာရှိတဲ့ ဟောင်ဂိုဇူး Huangguoshu  ရေတံခွန်ဟာ တရုတ်ပြည်မှာ အကြီးဆုံး ရေတံခွန် ဖြစ်ပါတယ်။ သြဂုတ် ၂၇ ရက်နေ့ကစလို့ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေတံခွန် ရေအရောင်ကလည်း အ၀ါရောင်သမ်းလာတာကြောင့် သြဂုတ် ၂၈ ရက်နေ့မှာ ပိတ်လိုက်တာ ဖြစ်ပါတယ်။ ရေတံခွန်ဆီက ကျဆင်းတဲ့ ရေပမာဏကလည်း တစက္ကန့်မှာ ကုဗမီတာ ၆၅၀ ရှိတာကြောင့် နှစ်ပေါင်း ၂၀ အတွင်း မကြုံဖူးတဲ့ ပမာဏဖြစ်တယ်လို့ ရေတံခွန် စီမံထိန်းသိမ်းရေးဌာနက ဆိုပါတယ်။ ဒါကြောင့် အလည်အပတ်လာသူတွေ အန္တရာယ်မဖြစ်ရအောင် ရေတံခွန်ရဲ့ တချို့ အပိုင်းတွေကို ပိတ်ထားလိုက်ပါတယ်။ ဒီအတောအတွင်းမှာ အန်ရှန်းမြို့ရဲ့ အနိမ့်ပိုင်းတွေမှာ ရေလျှံနေပါပြီ၊  တချို့ ယာဉ်တွေဟာ လမ်းပေါ်မှာပဲ ဆက်သွားလို့ မရဘဲ ဖြစ်နေပါတယ်။ နောက်ထပ် မိုးသက်မုန်တိုင်းတွေ ကျရောက်နိုင်သေးတယ်လို့ မိုးလေ၀သဌာနက သတိပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up