A d v e r t i s e m e n t With Us

မလေးရှား ၀န်ကြီးချုပ် နုတ်ထွက်ပေးရေး အ၀ါရောင်ဆန္ဒပြပွဲကြီး (ရုပ်သံ)

မလေးရှားနိုင်ငံမှာ  ဘာစေး Bersih လို့ ခေါ်တဲ့ ဒီမိုကရေစီ လိုလားတဲ့ အ၀ါရောင်ဝတ်ထားတဲ့အုပ်စုက  ၀န်ကြီးချုပ် နာဂျစ် ရာဇတ်ကို လာဘ်ပေးလာဘ်ယူမှု၊ ငွေကြေးဆိုင်ရာတလွဲ စီမံခန့်ခွဲမှုတွေ ရှိတယ်လို့ စွပ်စွဲပြီး နုတ်ထွက်ပေးဖို့ ဒီနေ့ စတင်ဆန္ဒပြနေကြပါတယ်။ ကွာလာလမ်ပူမြို့တော် အာဏာပိုင်တွေက ဆန္ဒပြခွင့် မပြုတဲ့အတွက် လူတွေ လမ်းပေါ်ထွက်လာရင် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်မယ့် အခြေအနေမျိုးနဲ့ ကြုံနေရပါတယ်။ မလေးရှား ရဲတပ်ဖွဲ့ဟာ ၂၀၁၂ ခုနှစ်ကတည်းလ ဘာစေးအဖွဲ့က ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲကို မီးသတ်ရေပိုက်တွေ၊ မျက်ရည်ယို ဗုံးတွေ သုံးပြီး လူစုခွဲခဲ့ဖူးပါတယ်။ အဲဒီအဖြစ်အပျက်နောက်ပိုင်းမှာ အကြီးဆုံး ဖြစ်လာနိုင်တဲ့ အခု ဆန္ဒပြပွဲကိုလည်း အစိုးရက အရေးပေါ် အခြေအနေကြေညာရင်  လက်နက်ကိုင် တပ်ဖွဲ့တွေက ၀င်ပြီး လူစုခွဲနိုင်တယ်လို့  သစတား The Star  သတင်းက ဆိုပါတယ်။ ဒါပေမယ့် စစ်တပ် ပြောခွင့်ရသူကတော့ သတင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။ ၀န်ကြီးချုပ်ဟာ လာဘ်ပေးလာဘ်ယူမှုအတွက် စွပ်စွဲခံနေသလို၊ သူက အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့  (1MDB) နိုင်ငံတော် ဖွံ့ဖြိုးရေး ရန်ပုံငွေကလည်း ဒေါ်လာ ၁၁ ဘီလီယံ အကြွေးတင်နေတာကြောင့် တလွှဲစီမံခန့်ခွဲတယ်ဆိုပြီး ဝေဖန်ပြစ်တင်တာ ခံနေရပါတယ်။ ဇူလိုင်လတုန်းက ဝေါစထရိ Wall Street ဂျာနယ် သတင်းတပုဒ်အရ ရန်ပုံငွေထဲက သန်း ၇၀၀ လောက်ဟာ ၀န်ကြီးချုပ်ရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်ကို လွှဲပေးခဲ့တယ်ဆိုတဲ့ ကိစ္စကို စုံစမ်းရေးမှူးတွေက စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာ ၀န်ကြီးချုပ်ကို ထောက်ခံတဲ့ အရေအတွက်ကလည်း မကြုံဖူးအောင် ကျဆင်းနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up