သရီးဒီ ပုံနှိပ်နည်းပညာကြောင့် လမ်းပြန်လျှောက်နိုင်သည့် ၆ နှစ်သား
DVB
·
August 30, 2015
သရီးဒီ ပုံနှိပ်နည်းပညာကြောင့် အရိုးဆပ်တဲ့ရောဂါကို ခံစားနေရတဲ့ တရုတ်နိုင်ငံက ၆ နှစ်ကလေးဟာ ခွဲစိတ်ခံယူအပြီးမှာ မတ်တပ်ရပ်နိုင်ပြီဖြစ်ပါတယ်။
ဂွမ်ဇူးခရိုင်က ဇိုင်အိုဖန်ဆိုတဲ့ ကလေးက ဇွန်လမှာ ခွဲစိတ်ခံယူခဲ့အပြီး တဖြည်းဖြည်းနဲ့ မတ်တပ်ရပ်နိုင်ပြီဖြစ်ပါတယ်။
ဟောင်ကောင် ရှန်ဇီး ဆေးတက္ကသိုလ်က ဆရာဝန်တွေက ကလေးရဲ့ အရိုးတည်ဆောက်ပုံကို အခြေခံပြီး သရီးဒီ ပုံနှိပ်နည်းပညာကို ဒီဇိုင်းထွင်ခဲ့ပါတယ်။
ပကတိအရွယ် မော်ဒယ်နဲ့ ခွဲစိတ်မယ့် အစီအစဉ်အတိအကျကို လုပ်ဆောင်နိုင်ပြီး ဇွန်မှာ ခွဲစိတ်ခဲ့တာပါ။ သရီးဒီ အရိုးစုပုံစံနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်ကို ရှန်ဇီးအခြေစိုက် နည်းပညာ ကုမ္ပဏီက ပေးခဲ့တာ ဖြစ်ပါတယ်။
ဆရာဝန်တွေကတော့ တလပြီးတလ ပိုမိုတိုးတက်လာပြီး လေ့ကျင့်ခန်းတွေ လုပ်ဖို့ ပြောပါတယ်။
ခြေထောက်ရဲ့ မှားယွင်းတဲ့ တည်ဆောက်ပုံနဲ့ အရိုးတွေ ကွဲနေတာကြောင့် ၅ နှစ်အရွယ်ကတည်းက မတ်တပ်မရပ်နိုင်ဘူးလို့ ဇိုင်အိုဖန်ရဲ့ အဖေကပြောပါတယ်။
နိုင်ငံတ၀န်းမှာ ဆေးကုသဖို့အတွက် ရှာဖွေခဲ့ပေမယ့် ကြိုးစားမှုက မအောင်မြင်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အရိုးဆပ်တဲ့ရောဂါက မျိုးရိုးဗီဇ ကစဥ့်ကလျားဖြစ်တဲ့အတွက် ဖြစ်တာဖြစ်ပြီး လူ ၁၀၀၀၀ နဲ့ ၁၅၀၀၀ ကြားမှာ တယောက်သာ တရုတ်မှာ ဖြစ်တယ်လို့ ဆင်ဟွာက ဆိုပါတယ်။
သတင်းဓာတ်ပုံ - CCTVNews