အမေရိကန် တွင် လေယာဉ်တစီး ပျက်ကျ (ရုပ်သံ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ အောရိန့်ခ်ျမြို့နယ်မှာ လေကြောင်းပြပွဲအတွက် လေ့ကျင့်ပြင်ဆင်နေတုန်း အပေါ့စား လေယာဉ်တစီး သြဂုတ် ၂၈ ရက်နေ့က ပျက်ကျခဲ့တာကြောင့် လေယာဉ်မှူးတဦး သေဆုံးတယ်လို့ ဒေသခံမီဒီယာက အစီရင်ခံ ပါတယ်။ သင်တန်းလေ့ကျင့်နေတုန်း ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီလောက်မှာ ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်မှူးက ပျက်ကျတဲ့နေရာမှာပဲ သေဆုံးခဲ့တယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။ နယူးယောက် လေကြောင်းပြပွဲကို စတီးဝ့ါတ် နိုင်ငံတကာ လေဆိပ်မှာ သြဂုတ် ၂၉ နဲ့ ၃၀ ရက်တွေ ကျင်းပမှာ ဖြစ်ပါတယ်။

More News
Up