A d v e r t i s e m e n t With Us

မူးယစ်ဆေး နှင့်ပတ်သက်ပြီး ၀ရမ်းထုတ်ထားသူများကို ထုတ်ပြန်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ ကမ္ဘာ့ဒုတိယအများဆုံး WY မူးယစ်ဆေးဝါး ၂၆ သန်းကျော် ပိုင်ရှင်မဲ့ ဖမ်းမိတာနဲ့ ဆက်စပ်ပြီး  ၀ရမ်းထုတ်ထားတဲ့သူတွေကို တွေ့ရင်အကြောင်းကြားပေးဖို့  မူးယစ်ဆေးဝါးတားဆီးရေးရဲတပ်ဖွဲ့ ပြောပါတယ်။ လက်ရှိမှာ သူတို့ရဲ့ ဓာတ်ပုံတွေကို တပြည်လုံးက ဟိုတယ်တွေနဲ့ ရဲစခန်းတွေမှာ ကပ်ထားမှာဖြစ်ပါတယ်။ သူတို့ကိုတွေ့ရင်တော့ အကြောင်းကြားပေးဖို့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေလည်း ကပ်ထားမှာပါ။ ကုလားတန်မြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီနဲ့ အာရကန်ဘေး (Araka Bay) ကုမ္ပဏီက သူတွေနဲ့ ဆက်စပ်တဲ့သူ ၁၃ ဦးကို ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ရဲတပ်ဖွဲ့က လိုက်လံရှာဖွေသိမ်းဆည်းနေပြီး၊ သူတို့ကိုလည်း ရှာဖွေဖမ်းဆီးနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ဇေကမ္ဘာဝင်းထဲက ကုန်တင်ကားသေးတစီးပေါ်မှာ ဆာလာအိတ်တွေနဲ့ ထုတ်ထားတဲ့ မူးယစ်ဆေး ၂၆ သန်းကျော်ကို ပိုင်ရှင်မဲ့ သိမ်းဆည်းမိပြီးနောက် မြောက်ဒဂုံမှာ မူးယစ်ဆေး ၁၅ သိန်းနဲ့ သာကေမြို့နယ်မှာ မူးယစ်ဆေး ၅၉၉၀၀၀ ထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up