ကီလာဝဲ မီးတောင်ချော်ရည် အရှန်အဟုန်ဖြင့် စီးထွက် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ရီပြည်နယ်မှာ ကီလာဝဲ မီးတောင်က ချောရည်ပူတွေ အရှိန်အဟုန်နဲ့ စီးထွက်နေတာကို အမေရိကန်ဘူမိစူးဆန်းလေ့လာရေးအဖွဲ့က သြဂုတ် ၂၇ ရက်နေ့ ရိုက်ကူးထားတာပါ။ မီးတောင်အရှေ့ဘက် မျက်နှာပြင်ကနေ ချော်ရည်တွေ အဆက်မပြတ်စီးထွက်နေပြီး အရှေ့ဘက်က သစ်တောတွေထဲ စီးဝင်နေတာပါ။ ကီလာဝဲ မီးတောင်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း အခုလိုပဲ ချော်ရည်တွေ ဒလဟော စီးထွက်ခဲ့ပြီး မီးတောင်အရှေ့ဘက်က ပဟိုအာ (Pahoa) မြို့လူနေအိမ်တွေကို ခြိမ်းခြောက်ခဲ့တာပါ။ အခုနှစ်လည်း မီးတောင်အရှေ့ဘက်ကြောကိုပဲ ချောရည်တွေ ၂၄ နာရီကို မိုင်ဝက်နှုန်းနဲ့ စီးဆင်နေပြီး လူ ၄၅၀ လောက်နေထိုင်တဲ့ ရွာလေးတခုကို ဦးတည်နေပေမယ့် အန္တရာယ်သိပ်မရှိနိုင်ဘူးလို့ အမေရိကန်ဘူမိ ဆန်းစစ်လေ့လာရေးအဖွဲ့က ဆိုပါတယ်။ ကီလာဝဲမီးတောင်ဟာ ကမ္ဘာပေါ်မှာ လှုပ်ရှားမှုအများဆုံး မီးတောင်ရှင်ကြီးတတောင်ဖြစ်ပြီး မီးတောင်မျက်နှာပြင်ဧရိယာဟာလည်း ဆက်ချဲ့နေဆဲဖြစ်ပါတယ်။ သြဂုတ် ၂၇ ရက်နေ့ မနက်ပိုင်းက မီးတောင်တောင်ဘက်ကြော မြေအောက်ကို ဗဟိုပြုပြီး အင်အား ၃.၈ ရှိတဲ့ ငလျင်ငယ်လှုပ်ခဲ့ပေမယ့် ထိခိုက်ပျက်စီးမှု ရှိလောက်အောင် မပြင်းထန်ဘူးလို့ အမေရိကန်အစိုးရ မြေငလျင်တိုင်းတာ စောင့်ကြည့်ရေး အေဂျင်စီက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up