Home
သတင်းဓာတ်ပုံ
အမျိုးသမီးများ၏ ကြံ့ခိုင်မှုအင်အားကို ပြမည့် ကိုယ်လုံးတီး ယောဂ (သတင်းဓာတ်ပုံ)
DVB
·
August 29, 2015
အမျိုးသမီးတွေရဲ့ ကြံ့ခိုင်မှု အင်အားနဲ့ ပျော့ပြောင်းမှုကို ပြသတဲ့အနေနဲ့ ကနေဒါ ဓာတ်ပုံ ဆရာမက  ယောဂလေ့ကျင်နေတဲ့ အမျိုးသမီး ကိုယ်လုံးတီးပုံတွေကို ပြသခဲ့ပါတယ်။ နောက်ခံသမိုင်းကြောင်းနဲ့ အသက်အရွယ်အမျိုးမျိုး အမျိုးသမီး ၅၇ ဦးရဲ့ အဖြူအမည်း ကိုယ်လုံးတီး ဒါဇင်နဲ့ချီတဲ့ ဓာတ်ပုံတွေကို ဓာတ်ပုံဆရာမ ဂျိုနသန် ဟာရီတန်က ရိုက်ယူခဲ့ပါတယ်။ ဒီဓာတ်ပုံတွေကို အမျိုးသမီးတွေရဲ့ ကြံ့ခိုင်မှုနဲ့ ခွန်အားကို ချီးကျူးဖော်ထုတ်ဖို့ ရည်ရွယ်တဲ့ “I” (ကျမ) လို့ အမည်ပေးထားတဲ့ စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ “ပထမဆုံး ယောဂ သင်တန်း အတွေ့အကြုံနဲ့ လူသားတွေရဲ့ ပုံသဏ္ဌာန်ကို စိတ်ဝင်စားတဲ့ အတွက် ဒီအစီအစဉ်က မွေးဖွားလာတာ ဖြစ်ပါတယ်။ ကျမတက်တဲ့သင်တန်းမှာ ပုံသဏ္ဌာန်ပြောင်းလိုက်တာနဲ့ ခန္ဓာကိုယ်ရဲ့ အနေအထားနဲ့ လိုင်းတွေ ပြောင်းသွားတာကို သတိထားမိလိုက်ပါတယ်။ ဒီအစီအစဉ်ရဲ့ အဓိက အသိသညာကတော့ နေ့စဉ်အမျိုးသမီးတွေက ကြံ့ခိုင်မှုနဲ့ ပျော့ပြောင်းမှု စွမ်းရည်ကို အမျိုးသမီးတွေ နေစဉ်ပြသနေတယ်ဆိုတာပါ” လို့ သူက ပြောပါတယ်။ ဒီဓာတ်ပုံတွေ အရိုက်ခံဖို့အတွက် အမျိုးသမီးတွေအပေါ် အရည်အချင်းတွေ သတ်မှတ်ထားတာ မရှိသလို အမျိုးသမီးတဦးက ပုံသဏ္ဌာန် ၄၀ ကျော်ကို ၃ နာရီနီးပါး ဓာတ်ပုံအရိုက်ခံရမယ်လို့ ဆိုပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024