A d v e r t i s e m e n t With Us

တောဆင်ရိုင်း ၅ ကောင် နတ်မောက်မြို့ကနေ ထွက်ခွာ (ရုပ်သံ)

သြဂုတ် ၂၈ ရက်နေ့ညက တောဆင်ရိုင်းငါးကောင်ဟာ နတ်မောက်မြို့ အနောက်မြောက်ဘက် ၈ မိုင်အကွာ မဲဇလီရွာ အနားတဝိုက်မှာ လှည့်လည်သွားလာနေပြီးနောက် နတ်မောက်အနီးမှ အရှေ့တည့်တည့်ကို ဦးတည်ထွက်သွားပါတယ်။ မကြာမီ အလယ်ရိုးမ ငမှင်ကြိုးဝိုင်းအတွင်း မူရင်းဒေသကို တရက်နှစ်ရက်အတွင်း ရောက်ရှိသွားနိုင်တယ်လို့ ဆင်ဖမ်းဆီးရေးအဖွဲ့မှ ပြောကြားပါတယ်။ ညောင်ဦးမြို့နယ် နပ္ပလင်ကျေးရွာမှာ ကျန်ရှိနေတဲ့ ဆင်ကလေးကိုလည်း ဆင်ဆရာဝန်က ဆေးကုသပေးနေပြီး မကြာမီမူရင်းဒေသကို ပြန်လည်ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။ ရိုက်ကူး - အာကာမင်း  

A d v e r t i s e m e n t With Us

More News
Up