A d v e r t i s e m e n t With Us

အစိုးရအဖွဲ့ကို ဗုဒ္ဓတရားနှင့်အညီ ကျင့်ကြံရန် သီတဂူဆရာတော်မိန့်ကြား

အစိုး​ရအဖွဲ့​ဝင်ပုဂ္ဂိုလ်​တွေကို ဗုဒ္ဓရဲ့​တရား​တော်​တွေအတိုင်း​ ကျင့်​ကြံအား​ထုတ်ပြုမူ၊​ ​နေထိုင် ​ဆောင်ရွက်ကြဖို့​ သီတဂူဆရာ​တော် ​ဒေါက်တာအရှင် ဥာဏိဿရက မိန့်​ကြား​လိုက်ပါတယ်။ ဒုတိယအ​နေအဖြစ် ဒီက​နေ့​ကျင်း​ပတဲ့​ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့​ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်​ပွဲ အခမ်း​အနား​ကိုတက်​ရောက်လာတဲ့​ ဒုတိယသမ္မတ သီဟသူရ ဦး​တင်​အောင်မြင့်​ဦး​ အပါအဝင် အစိုး​ရအဖွဲ့​ဝင် ဝန်ကြီး​တွေ၊​ နိုင်ငံတကာသံရုံး​တွေက တာဝန်ရှိသူ​တွေ၊​ ကုလသမဂ္ဂ အဖွဲ့​အစည်း​တွေက ဧည့်​ပရိသတ်​တွေကို မိန့်​ကြား​လိုက်တာ ဖြစ်ပါတယ်။ ဒီလို မိန့်​ကြား​ခဲ့​တာနဲ့​ပတ်သက်ပြီး​ ဆရာ​တော်ရဲ့​ အတွင်း​ရေး​မှူး​ဖြစ်သူ ဦး​ဟန်က အခုလို ပြန်​ပြောပြပါတယ်။ “ဗုဒ္ဓရဲ့​ ​ဟောကြား​ချက်​တွေကို အား​လုံး​ ညီညီညွတ်ညွတ်နဲ့​ လိုက်နာကြဖို့​ပေါ့​။ ကျင့်​ကြံကြဖို့​ အား​ထုတ်ကြဖို့​ ဘာသာ​ရေး​ သာသနာ​ရေး​ဆိုင်ရာ ဆုံး​မဩဝါဒ​တွေ အဲဒီမှာလည်း​ လူတိုင်း​လူတိုင်း​ အား​လုံး​ ကိုယ့်​နေ့​စဉ် လုပ်ငန်း​မှာ ဗုဒ္ဓရဲ့​ တရား​ကို ကျင့်​ကြံအား​ထုတ်မယ် ဆိုလို့​ရှိရင် အား​လုံး​ ​အေး​အေး​ချမ်း​ချမ်း​နဲ့​ ကိုယ့်​ဘဝ​အေး​ချမ်း​မှု​ရော အား​လုံး​ ဖြစ်မယ်။ ကိုယ့်​ဘဝ ​ရှေဘဝ၊​ ဒီဘဝ အား​လုံး​ ပြည့်​စုံမယ်ဆိုတာ​တွေ တကယ့်​ တရား​သက်သက်​တွေ။” ပြည်​ထောင်စုသာသနာ​ရေး​ဝန်ကြီး​ဌာနဝန်ကြီး​ သူရဦး​မြင့်​မောင်က​တော့​ ဆရာ​တော်ကြီး​အ​နေနဲ့​ အခုလို အပြည်အပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်​တွေ တည်​ထောင်ဖွင့်​လှစ်​ပေး​တဲ့​အ​ပေါ် ​ကျေး​ဇူး​တင် ဂုဏ်ယူဝမ်း​မြောက်​ကြောင်း​ ပြန်လည် ​ပြောကြား​ခဲ့​ပါတယ်။ ဒီက​နေ့​ ဖွင့်​ပွဲအခမ်း​အနား​အစီအစဉ်​တွေကိုလည်း​ ဦး​ဟန်က အခုလို ​ပြောပြပါတယ်။ “​ရှေ့​မှာက ​နေပြည်​တော်က​နေပြီး​တော့​ ပြည်​ထောင်စုသမ္မတ မြန်မာနိုင်ငံ​တော်ရဲ့​ ပြည်​ထောင်စု ဝန်ကြီး​ခေါ်တာ​ပေါ့​နော် သာသနာ​ရေး​ဝန်ကြီး​ ဦး​မြင့်​မောင်က​နေပြီး​ ဆိုင်း​ဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်​တယ်။ ​နောက် ကျ​နော်တို့​ တိုင်း​ဒေသကြီး​က ဝန်ကြီး​ချုပ် ဦး​မြင့်​ဆွေက​နေပြီး​ လိုက်ကာ​ ဖွင့်​ပေး​တယ်။ ​နောက် ​ရောင်စုံ ၆ ​ရောင်ခြယ် ဘူ​ဘောင်း​တွေနဲ့​ ကျ​နော်နဲ့​ မြို့​တော်ဝန်ကြီး​ ဦးလှမြင့်နဲ့​က နှစ်​ယောက်တွဲပြီး​တော့​ ကျ​နော်တို့​ ဖွင့်​ပေး​တယ်။ အဲဒီက​နေ ဆရာ​တော်ကြီး​က လိုက် ရှင်း​လင်း​ပြပြီး​တော့​ ကျ​နော်တို့​ အ​ပေါ်ထပ်က​ ဘုရား​ဆောင်ကြီး​တွေဆီကို အား​လုံး​တက်ကြတာ​ပေါ့။ အဲဒီကျ​တော့​ ဗုဒ္ဓရုပ်ပွား​တော်​တွေကို ဒုတိယ သမ္မတကြီး​က ဖွင့်​တယ် အဲဒါပါပဲ။” သဲကုန်း​ သပိတ်အိုင်​တောရ သီတဂူဆရာ​တော် ​ဒေါက်တာအရှင်ဥာဏိဿရ တည်​ထောင်ဖွင့်​လှစ်​နေတဲ့​ သီတဂူ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့​ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်​ပွဲ အခမ်း​အနား​တွေကို ​နောက် သုံး​ရက်ထက်မံကျင်း​ပပြုလုပ်ဦး​မှာဖြစ်ပြီး​ နိုင်ငံ​ရေး​ပါတီ​ခေါင်း​ ​ဆောင်​တွေ၊​ လူမှု​ရေး​အသင်း​အဖွဲ့​ခေါင်း​ဆောင်​တွေလည်း​ တက်​ရောက်ကြဖို့​ရှိ​နေပါ​သေး​တယ်။ သဲကုန်း​ သပိတ်အိုင်​တောရ သီတဂူဆရာ​တော် ​ဒေါက်တာအရှင်ဥာဏိဿရ သီတဂူအပြည်အပြည်ဆိုင်ရာ ကမ္ဘာ့​ဗုဒ္ဓ တက္ကသိုလ် (စစ်ကိုင်း​) ကို ၁၉၉၁ က စတင်တည်​ထောင်ဖွင့်​လှစ်ခဲ့​ပါတယ်။ သာသနာပြုလုပ်ငန်း​ ​တွေအပြင် ပညာ​ရေး​၊​ လူမှု​ရေး​လုပ်ငန်း​တွေကို ​ဆောင်ရွက်​ပေး​နေတဲ့​ သက်​တော် ၇၅ နှစ် ရှိပြီဖြစ်တဲ့​ ဆရာ​တော်ကြီး​ဟာ ၁၉၈၈ ခုနှစ် ၈ ​လေး​လုံး​ ဒီမိုက​ရေစီအ​ရေး​အခင်း​ ကာလတုန်း​က “ရာ​ဇောဝါဒသုတ္တန်” ကို ​ဟောကြား​ခဲ့​ပြီး​ အစိုး​ရအပါအဝင် တိုင်း​ပြည်အုပ်ချုပ်သူ​တွေအ​နေနဲ့​ ဗုဒ္ဓဘုရား​ရှင်ရဲ့​ အဆုံး​အမ တရား​တော်အတိုင်း​ လိုက်နာကျင့်​ကြံကြဖို့​ လိုအပ်ပုံကို ​ဟော​ပြောဆုံး​မခဲ့​ဖူး​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up