A d v e r t i s e m e n t With Us

တရက်အတွင်း ဖေ့စ်ဘွတ်ခ် သုံးသူ ၁ ဘီလီယံကျော် (ရုပ်သံ)

ဒီတပတ်တည်း ကမ္ဘာတ၀န်းက ဖေ့စ်ဘွတ်ခ် (Facebook) သုံးစွဲသူ တရက်တည်းနဲ့ ၁ ဘီလီယံ ကျော်သွားတယ်လို့ ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မာ့ခ် ဇူခါဘာ့ဂ် (Mark Zuckerberg) က သြဂုတ် ၂၇ ရက်နေ့က သူ့ရဲ့ပို့စ်မှာ ရေးသားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်က ဖေ့စ်ဘွတ်ခ် သုံးစွဲသူ ၁ ဘီလီယံကျော်သွားခဲ့ပြီး သမိုင်းမှတ်တိုင်သစ် ထပ်မံစိုက်ထူနိုင်ခဲ့တယ်၊ ကမ္ဘာပေါ်က လူ ၇ ယောက်တိုင်းမှာ ၁ ယောက်က ဖေ့စ်ဘွတ်ခ်ကိုသုံးပြီး မိသားစုဝင်တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဆက်သွယ်ခဲ့ကြတယ်လို့ မာ့ခ်  ဇူခါဘာ့ဂ်က ဆိုပါတယ်။ ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ၁ ဘီလီယံခွဲလောက်ဟာလည်း တလကို အနည်းဆုံး တကြိမ် ဖေ့စ်ဘွတ်ခ်ကို ၀င်ကြည့်ကြပြီး သြဂုတ် ၂၄ ရက်နေ့ကတော့ တရက်တည်းနဲ့ သုံးစွဲသူအများဆုံး ဖြစ်ခဲ့တာပါ။ ၂၀၁၂ အောက်တိုဘာလမှာ ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ၁ ဘီလီယံ ပြည့်ခဲ့တာပါ။ ဖေ့စ်ဘွတ်ခ်ကို အမေရိကန်နိုင်ငံ၊ ဟားဗတ်တက္ကသိုလ်ကျောင်းထွက် မာ့ခ် ဇူခါဘာ့ဂ်က ၂၀၀၄ ခုနှစ်မှာ ထူထောင်ခဲ့ပြီး သုံးစွဲသူဦးရေ ဆက်လက်မြင့်တက်နေမယ်လို့ ခန့်မှန်းပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up