ယင်ကောင်ဖမ်းစက်ရုပ် (ရုပ်သံ)

စက်ရုပ်ဆန်ဆန် ကွန်ပျူတာမြင်ကွင်း၊ စွမ်းအားပြည့် ဆင်ဆာတွေ တပ်ဆင်ထားတဲ့ မြန်နှုန်းမြင့် ကင်မရာတွေကို အသုံးပြုထားတဲ့ ဒီစက်ရုပ်ဟာ သစ်သီးယင်ကောင်တွေကို မကြုံစဘူး ထူးကဲတဲ့ အမြန်နှုန်း တိကျမှုတွေနဲ့ ထိန်းချုပ်လေ့လာနိုင်မှာ ဖြစ်ပါတယ်။ သစ်သီးယင်ကောင်တွေနဲ့ လူတွေကြားမှာ တူညီချက်တွေ အများကြီးရှိပါတယ်။ လူသားတွေမှာ ဖြစ်ပွားတဲ့ ရောဂါဗီဇ ၅၀ ရာခိုင်နှုန်းကျော်ဟာ ဒီအင်းဆက်ငယ်လေးတွေနဲ့ ဆက်စပ်မှု ရှိနေပါတယ်။
"သမိုင်းကြောင်းနဲ့ချီပြီး ပြောမယ်ဆိုရင် သစ်သီးယင်ကောင်ဟာ ဇီဝဖြစ်စဉ်မျိုးစုံကို လေ့လာတဲ့ နေရာမှာ အရေးကြီးတဲ့ နမူနာတခု ဖြစ်နေတုန်းပဲ။ မျိုးဗီဇပိုင်းဆိုင်ရာ အရေးကြီးတဲ့ ရှာဖွေတွေ့ရှိမှုတွေနဲ့ တခြားနယ်ပယ်တွေအတွက်လည်း ဒီယင်ကောင်ကနေတဆင့် တွေ့ရှိခဲ့တာပါ။"
ဒါပေမဲ့ ဒီလိုရှာဖွေတွေ့ရှိမှုတွေကို ပြုလုပ်ဖို့ အလွန်ခက်ခဲပါတယ်။ သစ်သီးယင်ကောင်ငယ်ရဲ့ ဦးနှောက်တွေကို လေ့လာဖို့ ပြင်ဆင်ရတာဟာ အချိန်ကုန်တဲ့ ကိစ္စတရပ် ဖြစ်လို့ပါပဲ။
"ဒီလိုအခြေအနေတွေ ရှိပေမယ့်လို့ သစ်သီးယင်ကောင်ဟာ အကျိုးအမြတ်တွေ အများကြီး ပေးသလို အစွမ်းထက် မျိုးဗီဇလက်နက်တွေလည်းပဲ ဖြစ်ပါတယ်။ တဘက်မှာလည်း လူတွေက၀င်ပြီး အားစိုက်ထုတ် လုပ်ဆောင်ပေးရတာတွေ ရှိနေသေးတယ်။ ခေတ်သစ်စက်ရုပ် နည်းပညာတွေလည်း ပေါ်နေပြီဆိုတော့ အခြေအနေကို ပြောင်းဖို့သင့်နေပြီ။ ဒီနယ်ပယ်ကို အရင်တုန်းကလို မဟုတ်တော့ဘဲ ရိုးရိုးရှင်းရှင်းလေးနဲ့ လူအစား စက်အစားထိုး လုပ်ဆောင်ဖို့ပါ။"
စက်ရုပ်က လုပ်ဆောင်ပေးရမှာကတော့ ယင်ကောင်တွေ ထွက်ပြေးမသွားအောင် ပိန်းပိတ်အောင် မှောင်နေတဲ့နေရာက ပန်းကန်ပြားတချပ်ပေါ်ကို ယင်ကောင်တွေ မောင်းပေးရမှာပါ။ အဲဒီနောက်မှာတော့ အနီအောက်ရောင်ခြည် ကင်မရာသုံး စုပ်ခွက်အပ်နဲ့ ယင်ကောင်ကို ဖမ်းယူမှာ ဖြစ်ပါတယ်။ သုတေသီက ယင်ကောင်ကို ပုံရိပ်ရယူနိုင်မှာဖြစ်ပြီး နောက်ထပ်လေ့လာမှုအတွက် ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ဖို့အတွက် ယင်ကောင်ကို ဆေးပေးဖို့မလိုဘဲ စက္ကန့်ပိုင်းအတွင်းမှာပဲ လုပ်ဆောင်မှာ ဖြစ်ပါတယ်။
"ယင်ကောင်ကို မေ့ဆေးလုံးဝမပေးဘဲ ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။ လေ့လာဖို့ သန့်ရှင်းတဲ့ ဦးနှောက်တလုံးကို ရတဲ့သဘောပေါ့။"
သန့်ရှင်းတဲ့ ဦးနှောက်တလုံးက ပိုတိကျတဲ့ရလဒ်တွေ ထွက်လာစေနိုင်တယ်လို့ Huang က ဆိုပါတယ်။
လူတွေရဲ့ရောဂါနဲ့ ယင်ကောင်တွေကြားမှာ မျိုးဗီဇဆက်စပ်မှုတွေ အများကြီး ရှိနေတာတောင်မှ ယင်ကောင်-လူသား ဆက်စပ်ရောဂါ နမူနာတွေ အများကြီး ရှိနေသေးတာမို့ ရောဂါလက္ခဏာတွေ အများကြီး ဖြစ်ပေါ်နိုင်ပါသေးတယ်။
ယင်ကောင်ဖမ်းစက်ရုပ်ရဲ့ ကျေးဇူးကြောင့် သုတေသီတွေဟာ အာရုံကြောပျက်စီးတဲ့ ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး ခပ်မြန်မြန် သဘောပေါက် နားလည်လာတော့မှာ ဖြစ်ပါတယ်။