မြန်မာ့ရိုးရာ လက်ဝှေ့ သရုပ်ပြပွဲ ပြလုပ် (ရုပ်သံ)

မန္တလေးက အခြေခံပညာကျောင်းတွေမှာ မြန်မာ့ရိုးရာလက်ဝှေ့ သရုပ်ပြပွဲနဲ့ ဟောပြောပွဲတွေကို မြန်မာ့ရိုးရာလက်ဝှေ့အစည်းအရုံးက ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။ မန္တလေးမြို့က အထက်တန်းကျောင်းတွေဖြစ်တဲ့ အထက ၁၆ နဲ့ အထက ၁ တို့မှာ မြန်မာ့ရိုးရာ လက်ဝှေ့အားကစားနဲ့ ပတ်သက်ပြီး သရုပ်ပြပွဲနဲ့ ဟောပြောပွဲတွေကို ပြုလုပ်ခဲ့ပါတယ်။ အခုလို ကျောင်းသားလူငယ်တွေ မြန်မာ့ရိုးရာ လက်ဝှေ့အားကစားနည်းကို စိတ်ဝင်စားလာအောင် ဟောပြောမှုတွေ၊ သရုပ်ပြမှုတွေကို မြန်မာ့ရိုးရာ လက်ဝှေ့အစည်းအရုံးက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး သရုပ်ပြထိုးသတ်မှုကိုတော့ မန္တလေးအခြေစိုက် စွမ်းကေကေ မြန်မာ့ရိုးရာ လက်ဝှေ့အသင်းက ကူညီပြသပေးခဲ့တာပါ။ မြန်မာ့ရိုးရာလက်ဝှေ့အစည်းအရုံးအနေနဲ့ အခုလို မြန်မာရိုးရာ လက်ဝှေ့သရုပ်ပြပွဲနဲ့ ဟောပြောပွဲတွေကို ဇူလိုင် ၃၀ ရက်နေ့က ရန်ကုန်မြို့က ဗိုလ်တစ်ထောင် အထက ၆ မှာ ပြုလုပ်ခဲ့ပြီး မန္တလေးမြို့မှာတော့ သြဂုတ် ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပဲခူးမြို့မှာလည်း ပြုလုပ်သွားဖို့ရှိပြီး ရန်ကုန်မြို့မှာလည်း ဒုတိယအကြိမ် ထပ်မံပြုလုပ်သွားမယ်လို့ ရပါတယ်။ အပြည့်အစုံ - ရုပ်သံကြည့်ရှုရန်  

More News
Up