A d v e r t i s e m e n t With Us

ချင်းပြည်နယ်တွင် မိုးကြီးပြီး သဘာဝရေကန် ကျိုးပေါက်၊ လူတချို့ မျောပါပျောက်ဆုံးနေ

ဧပြီလ ၁ ရက်နေ့က ကလေးမြို့ ရေကြီးနေစဉ် မြင်ကွင်း
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ထဲမှာ ဒီနေ့မနက်အစောပိုင်းက မိုးကြီးပြီး သဘာဝရေကန် ရေလျှံကျိုးပေါက်ခဲ့လို့ အိမ်နဲ့လူတွေ မျောပါပျောက်ဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်မောင်စိုးက ပြောပါတယ်။ ကနဦး ရရှိထားတဲ့ သတင်းတွေအရ အိမ်တွေမျောပါ ပျက်စီးခဲ့တာတော့ အတည်ပြု ပြောနိုင်တယ်လို့လည်း သူက ပြောပါတယ်။ “မနက် ၃ နာရီလောက်က တောင်ကျချောင်းရေကြောင့် ဖြစ်တယ်လို့ ကနဦးသတင်းအရ သိရတယ်။ အသေးစိတ်တော့ မသိရသေးဘူးဗျ။ ဟားခါးလေးရွာပေါ့နော် အိမ်ခြေ ၆၀လောက် ရှိတာ ရေပါတယ်လို့ ဒီလောက်လေးပဲ သိရတယ်ဗျ။” အခင်းဖြစ်တဲ့နေရာကို ချင်းပြည်နယ်ဝန်ကြီးချုပ် သွားရောက်နေတယ်လို့လည်း ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ရဲ့ အင်တာနက်စာမျက်နှာမှာတော့ ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ မနက် ၃ နာရီက စပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် တွီ့ခိန်ဇန်ကျေးရွာ အပေါ်မှာရှိတဲ့ သဘာဝတောင်ပေါ်ရေကန် ရေလျှံကျိုးပေါက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ တွီ့ခိန်ဇန်ကျေးရွာက အိမ်လေးဆယ်ကျော်၊ ဟားခါးလေးကျေးရွာက အိမ်ခြေ ငါးဆယ်ကျော် ရေမျောပါပျက်စီးပြီး လူနှစ်ဦးပျောက်ဆုံးနေကြောင်း ကနဦး သတင်းရရှိပါတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အဲဒီလို တောင်ပေါ်မှာ မိုးကြီး ရေလျှံတာကြောင့် ကလေးခရိုင်ထဲက နေရဉ္စာမြစ်မှာ ရေတိုးခဲ့ပြီး ရေနောက်တွေစီးဆင်းခဲ့တာဖြစ်ပါတယ်။ ရာဇဂြိုဟ်ဆည် ထိခိုက်မှုမရှိကြောင်း၊ ခိုင်မာမှုရှိကြောင်း သိရပါတယ်လို့လည်း ရေးထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်နဲ့ သြဂုတ် မိုးကြီးရေကြီးမှုအတွင်း ထိခိုက်မှု အဆိုးဆုံး ပြည်နယ်ထဲမှာ ချင်ပြည်နယ် ပါဝင်ပြီး ပြည်နယ်မြို့ဖြစ်တဲ့ ဟားခါးမြို့ဟောင်း ပြောင်းရွှေ့ဖို့ စီစဉ်ရတဲ့အထိ အိမ်ခြေများစွာ ထိခိုက်ပျက်စီးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up