A d v e r t i s e m e n t With Us

ပဋိပက္ခဖြစ်နေသည့် အိန္ဒိယ ဂူဂျရတ်ပြည်နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်

ပဋိပက္ခဖြစ်ပြီးနောက် ကင်းလှည့်နေသည့် စစ်ကားတစီး။ (ဓာတ်ပုံ - ရိုက်တာ)
အိန္ဒိယ ၀န်ကြီးချုပ် မိုဒီရဲ့ မွေးရပ်ပြည်နယ်ဖြစ်တဲ့ ဂူဂျရတ်ပြည်နယ်မှာ ၂ ရက်ကြာ လူတန်းစားကို အခြေခံတဲ့ ဆန္ဒပြပွဲတွေကနေ ရဲတွေနဲ့ ပဋိပက္ခအဆင့်ကို ပြောင်းလဲပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရပါတယ်။ သြဂုတ် ၂၅ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ ရဲနဲ့ ပါတယ်လ် (Patel) ဇာတ်မြင့်တွေကြား ပဋိပက္ခမှာ သြဂုတ် ၂၇ ရက်နေ့အထိ ရဲတပ်ဖွဲ့ဝင်တဦး အပါအ၀င် လူ ၈ ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျော် ဒဏ်ရာရခဲ့ကြပါတယ်။ ရဲစခန်း ၄၀ နီးပါးနဲ့ ဘတ်စ်ကားအစီး ၇၀ မီးတင်ရှို့ခံရတယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။ ဆန္ဒပြခေါင်းဆောင်တဦးကို ရဲက ဖမ်းဆီးပြီးနောက်ပိုင်း ရဲတွေနဲ့ရော ဒေသခံတွေနဲ့ပါ ပဋိပက္ခ ဖြစ်ပွားခဲ့ကြတာပါ။ ၀န်ကြီးချုပ် မိုဒီက အခုလို ရန်လိုတိုက်ခိုက်မှုတွေကို ထိန်းသိမ်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။ သြဂုတ် ၂၇ ရက်နေ့မှာတော့ ပြည်နယ်မြို့တော် အမီဒဘတ်မြို့ (Ahmedabad) ရဲ့ နေရာတချို့မှာ တည်ငြိမ်မှု ပြန်ရလာတာတွေ့ရပြီး ရုံးတွေ၊ ဆိုင်တွေ ပြန်လည်ဖွင့်လှစ်ကြတာကို တွေ့ရပေမယ့် ညမထွက်ရ အမိန့်ကိုတော့ ဆက်လက်ပြဋ္ဌာန်းထားဆဲ ဖြစ်ပါတယ်။ ဂူဂျရတ်ပြည်နယ် လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ပါတယ်လ်ဇာတ်မြင့်တွေဟာ ချမ်းသာကြွယ်ဝကြပြီး သူတို့က အစိုးရလုပ်ငန်းတွေနဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ လူဦးရေခွဲတမ်း အတိအကျ သတ်မှတ်ပေးဖို့ အစိုးရကို ဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up