A d v e r t i s e m e n t With Us

အပြေးပြိုင်ပွဲ အနိုင်ရပေမယ့် ဓာတ်ပုံသမားကို အရှုံးပေးလိုက်ရသည့် အူစိန်ဘော့ (ရုပ်သံ)

ဘီဂျင်း ကမ္ဘာ့ ပြေးခုန်ပစ်ပြိုင်ပွဲ မီတာ ၂၀၀ မှာ အနိုင်ရသွားတဲ့ အူစိန်ဘော့ဟာ ဓာတ်ပုံသမားတဦးကိုတော့ အရှုံးပေးလိုက်ရပါတယ်။ မီတာ ၂၀၀ ပြိုင်ပွဲမှာ အနိုင်ရပြီးတဲ့နောက် ခြေဗလာနဲ့ အောင်ပွဲခံနေတဲ့ အူစိန်ဘော့နောက်ကို လိုက်လာတဲ့ ထိုင်ခုံမပါဘဲ ရပ်စီးနင်းရတဲ့ယာဉ်ကို စီးလာတဲ့ ကင်မရာသမားတဦးက ၀င်တိုက်ခဲ့ပါတယ်။ အူစိန်ဘော့ကို ဗွီဒီယို ရိုက်ယူဖို့ ဇောကပ်နေတဲ့ ကင်မရာသမားရဲ့ ယာဉ်က ဘေးမှာ ရှိနေတဲ့ အလိုအလျှောက် ရွှေ့လျားရိုက်ကူးနိုင်တဲ့ ကင်မရာတင်ထားတဲ့ လမ်းကြောင်းကို တိုက်မိပြီး အူစိန်ဘော့ကို ၀င်တိုက်မိတာ ဖြစ်ပါတယ်။ ဒီအတွက် မီတာ ၂၀၀ ချန်ပီယံ အူစိန်ဘော့လည်း ကျွမ်းပစ်လဲကျသွာကာ ခြေထောက် နာသွားပါတယ်။ ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ဟာလည်း အင်တာနက်မှာ ပျံ့နှံ့သွားပါတယ်။ အူစိန်ဘော့ကတော့ ပြိုင်ဘက် ဂျက်စတင်ဂတ်လင်က ကင်မရာသမားကို ငွေပေးပြီး လုပ်ခိုင်းတာလို့ ကောလာဟလလုပ်ရတော့မယ်လို့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နောက်ပြောင်ပြောဆိုပါတယ်။ ပြိုင်ဘက် ဂျက်စတင်ကတော့ အောင်မြင်အောင် မလုပ်နိုင်တဲ့ ကင်မရာသမားထံက ပိုက်ဆံ ပြန်တောင်းရမယ်လို့ တုံ့ပြန်ပါတယ်။ ဒီဖြစ်ရပ်အတွက် အနည်းငယ်စိုးရွံ့မိသလို ခြေထောက်အတွက် အာမခံထားဖို့လိုတယ်လို့ အူစိန်ဘော့က ပြောပါတယ်။ ခြေကျင်းဝတ်ကို ထိခိုက်မိတာ မဟုတ်ဘဲ ညို့သကျည်းကို ထိမိတာဖြစ်သလို အခုတော့ သူရဲ့ ခြေထောက်ဟာကောင်းသွားပြီလို့ ပြောပါတယ်။ ကင်မရာသမားကလည်း သူတတ်သလောက် မှတ်သလောက် တောင်းပန်သွားတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up