Live
Home
မြန်မာသတင်း
နိုင်ငံရေးပါတီများ ရေဒီယိုနှင့်ရုပ်မြင်သံကြားမှ ၁၅ မိနစ်ကြာ မဲဆွယ်နိုင်
DVB
·
August 28, 2015
နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီမူဝါဒ သဘောထားလုပ်ငန်းစဉ်တွေကို ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ တပါတီကို ၁၅ မိနစ်ကြာ ရွေးကောက်ပွဲအတွက် ဟောပြော စည်းရုံးမဲဆွယ်ခွင့်ရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။ မဲဆွယ်ဟောပြောခွင့်ကို စက်တင်ဘာ ၈ ရက်ကနေ နိုဝင်ဘာ ၆  ရက်ထိ ခွင့်ပြုပေးသွားမှာဖြစ်ပြီး ဟောပြောလိုတဲ့ သက်ဆိုင်ရာပါတီ ဥက္ကဋ္ဌ၊  အတွင်းရေးမှူးတွေအနေနဲ့ သတ်မှတ်ခွင့်ပြုပေးတဲ့ ရက်မတိုင်ခင် အနည်းဆုံး ၇ ရက် ကြိုတင် ဟောပြောမယ့် စာမူနဲ့အတူ ခွင့်ပြုမိန့် ကော်မရှင်မှာ လျှောက်ထားရမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ နိုင်ငံရေးပါတီအားလုံး အလှည့်ကျဟောပြောနိုင်ဖို့  ပါတီတခုချင်း အလိုက် ဟောပြောတင်ပြခွင့်ရတဲ့နေ့နဲ့ အချိန်ဇယားကို ကော်မရှင်က သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းသတ်မှတ်ပေးမှာဖြစ်ပါတယ်။ ကော်မရှင်အနေနဲ့ ဟောပြောမယ့်စာမူတွေကို လိုအပ်သလို စိစစ်ကာ ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ခွင့်ပြု တာနဲ့ ငြင်းပယ်တာတွေ လုပ်နိုင်တယ်လို့လည်း ဆိုပါတယ်။ ဟောပြောတင်ပြရာမှာ  နိုင်ငံတော် အကြည်ညိုပျက်စေအောင် ဟောပြောတာ၊ တပ်မတော် ဂုဏ်သိက္ခာ ထိခိုက်အောင်ဟောပြောတာ၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်စေနိုင်တဲ့ ဟောပြောစည်းရုံးတာတွေ မလုပ်ဖို့လည်း တားမြစ်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂  ကြားဖြတ်ရွေးကောက်ပွဲတွေမှာလည်း  နိုင်ငံရေး ပါတီတွေကို အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ အလားတူ စည်းရုံးမဲဆွယ်ခွင့် ပြုခဲ့ဖူးပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024