တရုတ်အစိုးရ အဝေးထိန်း အာရုံခံဂြိုဟ်တု လွှတ်တင် (ရုပ်သံ)
တရုတ်အစိုးရဟာ အဝေးထိန်း အာရုံခံ ဂြိုဟ်တု ယောင်ဂံ တွမ်တိဆဲဗင်းကို ကြိုတင် သတ်မှတ်ထားတဲ့ လမ်းကြောင်းပေါ် သြဂုတ် ၂၇ ရက်နေ့ မနက် ဘေကျင်းစံတော်ချိန် ၁၀ နာရီ ၃၁ မိနစ်က လွှတ်တင်လိုက်ပါတယ်။
တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်းရှီးပြည်နယ် တိုင်ယွမ် ဂြိုဟ်တု လွှတ်တင်ရေးဌာနကနေ လွှတ်တင်လိုက်တာပါ။
ဒီဂြိုဟ်တုကို သိပ္ပံလက်တွေ့စမ်းသပ်မှုတွေ၊ မြေပြင်စစ်တမ်းတွေ၊ ကောက်ပဲသီးနှံ အထွက်နှုန်း ခန့်မှန်းချက်နဲ့ ကပ်ဘေးကာကွယ်ရေး လုပ်ငန်းတွေအတွက် အဓိကထား သုံးစွဲမှာပါ။
ဂြိုဟ်တုကို လောင်းမတ်ခ်ျ ဖိုးစီ အမျိုးအစား ဒုံးကျည်က သယ်ဆောင်သွားတာ ဖြစ်ပြီး ဒါဟာ လောင်းမတ်ခ်ျဒုံးကျည် မိသားစုအတွက် ၂၀၇ ကြိမ်မြောက် လုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်။