ဆီယာလီယွန်နှင့် ခြေစစ်ပွဲ အနားပေးရန် ယာယာတိုရေး တောင်းဆို

ဓာတ်ပုံ - ရိုက်တာ
အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာစီးတီး အလယ်တန်းလူ ယာယာတိုရေးက ဆီယာလီယွန်နဲ့ အာဖရိက ခြေစစ်ပွဲမှာ အနားပေးဖို့ တောင်းဆိုထားပါတယ်။ စက်တင်ဘာ ၆ ရက်ကစားမယ့် ပွဲစဉ်အတွက် နည်းပြက နယူးကာဆယ် ကစားသမားနဲ့ တချို့ကစားသမားတွေကို ချန်လှပ်ထားအပြီးမှာ အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုရေးက လက်ရွေးစင်အသင်းကနေ အနားယူဖို့အတွက်လည်း စဉ်းစားနေတယ်လို့ နည်းပြ မစ်ရှယ်ဒူဆာယေးက ပြောပါတယ်။ လန်ဒန်မှာ တွေ့တုန်းကလည်း အသင်းအတွက် သူ့ကို မှီခိုနေရတယ်လို့ ပြောဆိုခဲ့သလို အသင်းခေါင်းဆောင်ဖြစ်တဲ့ တိုရေးက ဆက်လက်ပူးပေါင်းမယ်လို့ ထင်မှတ်တဲ့အကြောင်း ပြောပါတယ်။ ဆီယာလီယွန်ဟာ အီဘိုလာရောဂါကြောင့် အိမ်ကွင်းကစားခွင့် အပိတ်ခံထားရတဲ့အတွက် ဒီခြေစစ်ပွဲကို နိုင်ဂျီးရီးယားမှာ ကစားမှာ ဖြစ်ပါတယ်။

More News
Up