A d v e r t i s e m e n t With Us

အစိုးရတပ် ကရင်ပြည်နယ်တွင် တပ်အင်အားတိုးချဲ့

ကချင်လွတ်လပ်​ရေး​တပ်ဖွဲ့​ကို အစိုး​ရက ထိုး​စစ်ဆင်တိုက်ခိုက်​နေသလို ကရင်ပြည်နယ် မြိုင်ကြီး​ငူ​ဒေသမှာလည်း​ အစိုး​ရ တပ်မ ၆၆ ဟာ မ​နေ့​ကစပြီး​ စစ်​ကြောင်း​တွေပို့​ပြီး​ တပ်အင်အား​ တိုး​ချဲ့​နေတဲ့​အတွက် မကြာမီ တိုက်ပွဲ ဖြစ်လာနိုင်တယ်လို့​ ​ကေအန်ယူ တပ်မဟာ ၇ တပ်ရင်း​ ၁၀၁ မှူး​ ဗိုလ်မှူး​ကြီး​ ​ဖောဒိုက ​ပြောပါတယ်။ “တပ်မ ၆၆ က မြိုင်ကြီး​ငူ ရှင်း​လင်း​ဖို့​ သူတို့​ တာဝန်ယူရတယ်။ အခု တပ်မ ၆၆ က ဘား​အံ ​တောင်က​လေး​က​နေပြီး​တော့​ သခွပ်ကုန်း​အထိကို ​ရောက်​နေပြီ။ သတင်း​ရတာက မနက်ဖြန်ကို တပ်မ ၆၆ က အလုပ်စမယ်လို့​ ကြား​တယ်။ မြိုင်ကြီး​ငူက ဒီ​ကေဘီ​အေ သိမ်း​ထား​တဲ့​ ဒီ​ကေဘီ​အေ ဌာနချုပ်က ​ပြောရမယ်ဆိုရင်​တော့​ဒါ သူတို့​ ပုံကန်​တော်လှန်တာ​ပေါ့​နော်။ ဒါ​ပေမယ့်​ သူတို့​ အသိအမှတ်ပြုထား​တဲ့​ ဘီဒီအက်ဖ် တံဆိပ်ကို ဖြုတ်ပြီး​တော့​ ဒီ​ကေဘီ​အေ ပြန်တပ်တယ်။ သူတို့​ လက်မခံဘူး​ပေါ့​နော်။” မြိုင်ကြီး​ငူ​ဒေသသအတွင်း​ ဒီလို တပ်ရင်း​တွေ တိုး​မြှင့်​နေတာဟာ ကရင်အမျိုး​သား​ အစည်း​အရုံး​ကို ထိုး​စစ်ဆင်ဖို့​လား​ ဒါမှမဟုတ် နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ထား​တဲ့​ ကရင်တပ်​တွေအကြား​ ဖြစ်တဲ့​ ပြဿနာကို ဝင်​ရောက် နှိမ်နင်း​ဖြေရှင်း​ဖို့​လား​ဆိုတာ​တော့​ အတိအကျ မသိရ​သေး​ပါဘူး​။ အစိုး​ရတပ်ဘက်က စစ်​ကြောင်း​ထိုး​နေတယ်ဆိုတဲ့​အ​ကြောင်း​ ဘား​အံမြို့​ ခံတဦး​ ကလည်း​ ခုလို​ပြောပါတယ်။ “စစ်တပ်​တော့​ချထား​တယ်။ သူတို့​လည်း​ နည်း​နည်း​ ရှုပ်​နေတာပဲ၊​ ဘာလဲ​တော့​ အ​သေချာမသိဘူး​။ ဟိုတ​နေ့​က​တော့​ အဲဒီလိုမျိုး​ တပ်မထဲမှာ စည်း​ဝေး​တယ်​တော့​ ​ပြောတယ်။ ဒါ​ပေမယ့်​ ​သေ​သေချာချာ​တော့​ မသိဘူး​။ အ​ခြေအ​နေ ရှုပ်တာ​တော့​ သိတယ်။ တခြား​ဥစ္စာ​တွေ​တော့​ အ​သေချာ မသိဘူး​။” ပြီး​ခဲ့​တဲ့​ ​မေလကုန်က မြိုင်ကြီး​ငူအ​ခြေစိုက် နယ်ခြား​စောင့်​တပ် အမှတ် ၁၀၁၂ တပ်က ဗိုလ်မှူး​ကြီး​ ပိုဘိ ဦး​ဆောင်တဲ့​ အဖွဲ့​ဟာ သူတို့​တပ်တွင်း​ စား​နပ်ရိက္ခာ လုံလုံ​လောက်​လောက် မရမှု၊​ အထက်နဲ့​အောက် အခွင့်​အ​ရေး​ ကွာခြား​မှု​တွေ ရှိ​နေတာ​ကြောင့်​ အထက်လူကြီး​ကို ပုန်ကန်တဲ့​အ​နေနဲ့​ မြိုင်ကြီး​ငူ​ဒေသကို တပ်အင် အား​နဲ့​ဝိုင်း​ခဲ့​ပါတယ်။ မြိုင်ကြီး​ငူက​နေပြီး​ မယ်သ​ဝေါအထိ ဒု-ဗိုလ်မှူး​ကြီး​ပိုဘီက သူ့​ရဲ့​တပ်​တွေကို ချထား​ပြီး​ နယ်ခြား​စောင့်​တပ်တံဆိပ်အစား​ ဒီ​ကေဘီ​အေတံဆိပ်ကို ပြန်လည်တပ်ဆင်ခဲ့​ပါတယ်။ ဒီလို အချင်း​ချင်း​ကြား​ မ​ပြေလည်မှု​တွေဖြစ်ခဲ့​ပြီး​ မြိုင်ကြီး​ငူဆရာ​တော်ကိုယ်တိုင် အချင်း​ချင်း​ မတိုက်ခိုက်ဖို့​ သစွာ​ရေ တိုက်ပြီး​ ​ဖြေရှင်း​ပေး​ခဲ့​တယ်လို့​ မြိုင်ကြီး​ငူ​ဒေသခံ​တွေရဲ့​ ​ပြောဆိုချက်အရ သိရပါတယ်။ နယ်ခြား​စောင့်​ တပ်ရင်း​ ၁၀၁၁ ကလည်း​ ဒု-ဗိုလ်မှူး​ကြီး​ပိုဘိတို့​နဲ့​ ပူး​ပေါင်း​ခဲ့​ပြီး​ နယ်ခြား​စောင့်​တပ် အသွင် မ​ပြောင်း​တဲ့​ ဗိုလ်မှူး​ကြီး​ ​စောလား​ပွယ်(ဗိုလ်နှုတ်ခမ်း​မွေး​) ဦး​ဆောင်တဲ့​ DKBA တပ်မဟာ ၅ က အင်အား​ ၁၀၀ ​လောက်ကလည်း​ သွား​ရောက်ပူး​ပေါင်း​ခဲ့​ပါတယ်။ နယ်ခြား​စောင့်​တပ်ဖွဲ့​ဝင်​တွေက ဒီ​ကေဘီ​အေတံဆိပ် ပြန်တပ်တာကို ပြည်သူ့​စစ်နဲ့​ နယ်ခြား​စောင့်​ ညွှန်ကြား​ရေး​မှူး​ချုပ် ဗိုလ်မှူး​ချုပ် ​မောင်​မောင်​အုန်းက လက်မခံဘဲ နယ်ခြား​စောင့်​တပ်တံဆိပ် ပြန်လည်တပ်ဆင် ခိုင်း​ခဲ့​ပါတယ်။ ဗိုလ်မှူး​ကြီး​ပိုဘီအဖွဲက​တော့​ နယ်ခြား​စောင့်​တပ်တံဆိပ် ပြန်မတပ်​တော့​ဘဲ နယ်ခြား​စောင့်​တပ်ခွဲထွက်လို့​ သုံး​နှုန်း​လိုက်တဲ့​အပြင် ဒီ​ကေဘီ​အေ ဗိုလ်မှုး​ချုပ်နှုတ်ခမ်း​မွေး​အဖွဲ့​နဲ့​ ပူး​ပေါင်း​မှု​တွေလည်း​ ရှိ​နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up