A d v e r t i s e m e n t With Us

မန်ယူ ပရိသတ် ၅၇ ဦး အဖမ်းခံရ

သြဂုတ် ၂၆ ရက် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်း အနိုင်ရခဲ့ပြီးတဲ့နောက် နှစ်ဘက်ပရိသတ်တွေ ရန်ဖြစ်တဲ့အတွက် မန်ယူပရိသတ် ၅၇ ဦး ဘယ်လ်ဂျီယံမှာ အဖမ်းခံခဲ့ရပါတယ်။ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံ ရမ်းကားတဲ့ ဘောလုံး ပရိသတ်တွေအကြား ဘရုဂေးက အရက်ဆိုင်မှာ အချင်းများ ရန်ဖြစ်ခဲ့ရာမှာ ဖန်ခွက်တွေ၊ ကုလားထိုင်တွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ ဘယ်လ်ဂျီယံ ၃၀ လောက် မန်ယူပရိသတ်တွေ တိုက်ခိုက်တာ ခံခဲ့ရသလို အရက်ဆိုင်အတွင်းက ရန်ပွဲဟာ လမ်းမပေါ်အထိ ရောက်လာတယ်လို့ ဆိုပါတယ်။ ဘရုဂေး ရဲတပ်ဖွဲ့ကတော့ အရက်ဆိုင်နားမှာ မန်ယူပရိသတ် ၃၂ ဦးနဲ့ ဘယ်လ်ဂျီယံ ၆ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကွင်းအနီးမှာလည်း လက်မှတ်မရှိတဲ့ မန်ယူပရိသတ် ၂၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ သူတွေကိုတော့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ မန်ယူအသင်းက ဘရုဂေးနဲ့ပွဲအတွက် လက်မှတ် ၁၆၇၅ စောင် ရရှိခဲ့ပေမယ့် အများစုက ဒီပွဲကိုကြည့်ဖို့ ဘယ်လ်ဂျီယံကို သွားရောက်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up