အမေရိကန် တွင် လူ ၂ ဦးကို ဓားဖြင့်ထိုးပြီး ရဲကို သေနတ်နှင့်ပစ်သူ ဖမ်းဆီး (ရုပ်သံ)

10.4K
အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ် အနောက်တောင်ဘက်မြို့မှာ လူ ၂ ဦးကို အိမ်ထဲမှာ ဓားနဲ့ထိုးပြီး အခင်းဖြစ်နေရာ ရောက်လာတဲ့ ရဲအရာရှိကို သေနတ်နဲ့ ပစ်ခဲ့တယ်လို့ စွပ်စွဲခံရသူကို ဖမ်းဖို့ ရဲတွေက သြဂုတ် ၂၆ ရက်နေ့မှာ ကုန်ခြောက်ဈေးထဲ စီးနင်းခဲ့ရပါတယ်။
သေနတ်သမားလို့ သံသယရှိခံရသူဟာ ကားမောင်းထွက်ပြေးရင်း ဂျေအာရ် (JR) ကုန်စုံဆိုင်ထဲကို ကားနဲ့ တိုက်ဝင်သွားခဲ့ပြီး မီးလောင်ခဲ့ပါတယ်။
နောက်တော့ သံသယရှိသူဟာ ကုန်စုံဆိုင်ထဲမှာ ပိတ်မိနေခဲ့တယ်လို့ စိန့်လန်ဒရီ ပါရစ်ရှ် ငြိမ်ဝပ်ပိပြားရေးရုံးက ပြောပါတယ်။
ရဲတွေက ကုန်စုံဆိုင်ထဲကို မျက်ရည်ယိုဓာတ်ငွေ့တွေ ၁ နာရီလောက် ပစ်ခတ်ခဲ့ပြီးနောက် ဘယ်သူဘယ်ဝါ ချက်ချင်း မဖော်ထုတ်ရသေးတဲ့ သံသယ ရှိခံရသူကို ဖမ်းမိခဲ့ပါတယ်။
ဓားနဲ့ထိုးခံရသူ ၂ ဦးနဲ့ သေနတ်နဲ့ ပစ်ခံရသူ အရာရှိတို့ အခြေအနေတွေ ဘယ်လို ရှိနေတယ်ဆိုတာတော့ မသိရသေးပါဘူး။
ကုန်စုံဆိုင်ထဲမှာ ရှိနေတဲ့ ပိုင်ရှင်၊ ဖောက်သည်တွေနဲ့ ဝန်ထမ်းတွေ လွတ်မြောက်ခဲ့ကြပြီး ရဲတွေက ကုန်စုံဆိုင်ကို ဝိုင်းထားကာ ပတ်ဝန်းကျင်ကို ရှင်းလင်း ထားခဲ့တာပါ။
အဲဒီနောက် သံသယရှိသူကို အတွင်းရုံးခန်းထဲမှာ ဖမ်းမိခဲ့ပြီး သူ့ကို ရုံးတင် တရားစွဲမယ်လို့ ငြိမ်ဝပ်ပိပြားရေးရုံးက ပြောပါတယ်။