အင်္ဂလန် အသင်းများ အုပ်စုမှတက်ရန် အလားအလာကောင်းသည့် ချန်ပီယံလိဂ်

ချန်ပီယံလိဂ် အုပ်စု ၈ ခုကို မဲခွဲရာမှာတော့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းတွေ အုပ်စုကနေလွတ်ဖို့ အလားအလာ ကောင်းနေပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းက အုပ်စု (ခ) မှာ ကျရောက်နေပြီး ပီအက်စ်ဗွီ အိုင်ဟိုဗန်၊ စီအက်စ်ကေအေ မော်စကို၊ ၀ုဖ်ဘတ် အသင်းတွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။ မန်ယူအသင်းက ဒီပေးအတွက်တော့ အသင်းဟောင်း ပီအက်စ်ဗွီကို ပြန်လည် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အာဆင်နယ်ကတော့  အုပ်စု (စ) မှာ ဘိုင်ယန်မြူးနစ်၊ အိုလံပီယာကော့စ်၊ ဒိုင်နမိုဇာဂရက် အသင်းတွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းတသင်းကတော့ အာဆင်နယ်အတွက် သတိထားကစားရမယ့် အသင်းလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ အုပ်စု (ဆ) မှာ ပေါ်တို၊ ဒိုင်နမို ကီးယက်၊ မက္ကာဘီတဲလ်အဗစ် အသင်းတွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒီအတွက် အုပ်စုကနေ နောက်တဆင့်တက်ခွင့်ရဖို့ အလားအလာ ကောင်းနေပါတယ်။ မန်ချက်စတာစီးတီးကတော့ အုပ်စု (ဃ) မှာ ဂျူဗင်တပ်စ်၊ ဆီးဗီးလား၊ မိုချန်ဂလာဘတ် အသင်းတွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းတွေကတော့ လက်ရှိ ချန်ပီယံ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ကို ၁၀ ကြိမ် ရထားတဲ့ ရီးရဲလ်မက်ဒရစ် အသင်းတွေကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။ အုပ်စု (က) မှာတော့ ပဲရစ်စိန့်ဂျာမိန်း၊ ရီးရဲလ်မက်ဒရစ်၊ ရှက်တာဒိုးနက်နဲ့ မာလ်မို၊ အုပ်စု (ဂ) မှာတော့ ဘင်ဖီကာ၊ အက်သလက်တီကို မက်ဒရစ်၊ ဂါလာတာစာရေး၊ အက်စ်တန်နာ၊ အုပ်စု (င) မှာတော့ ဘာစီလိုနာ၊ လေဗာကူဆင်၊ ရိုးမား၊ ဘောရီဆော့၊ အုပ်စု (ဇ) မှာတော့ ဇင်းနစ် စိန့် ပီတာစဘတ်၊ ဗလင်စီယာ၊ လိုင်ယွန်၊ ဂျန့်တို့ တအုပ်စုတည်း ကျနေပါတယ်။ အသင်းတသင်းစီကို အုပ်စုပွဲစဉ် ၆ ပွဲကစားရမှာ ဖြစ်ပြီး အုပ်စုပွဲစဉ်တွေကို စက်တင်ဘာ ၁၅၊ ၁၆ မှာ စတင်ကစားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up