မြန်မာ ယူ ၁၉ နှင့် တီမော သရေကျ

လာအိုနိုင်ငံမှာ ဒီကနေ့ ညနေကျင်းပသွားတဲ့ အာဆီယံ ယူ ၁၉ ချန်ပီယံရှစ် အုပ်စု ခ ဒုတိယပွဲစဉ်မှာ မြန်မာနဲ့ အရှေ့တီမော အသင်းတို့ ၁ ဂိုးစီသရေကျပါတယ်။ တီမောအသင်းကပွဲစပြီး မကြာခင်မှာပဲ ဦးဆောင်ဂိုးသွင်းယူပြီးပွဲကို ဦးဆောင်ခဲ့ပါတယ်။ မြန်မာအသင်းက ဂိုးရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အခွင့်အရေးကို အသုံးမချနိုင်တဲ့ အတွက် ဂိုးရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း မြန်မာအသင်း ဂိုးရရှိရေး ကြိုးပမ်းခဲ့ပေမယ့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့သလို သေချာက်ပေါက် အခွင့်အရေးတွေ လွဲချော်ခဲ့ပါတယ်။ ပွဲပြီးခါနီးအချိန်ရောက်မှာ မြန်မာအသင်း ချေပဂိုးကို သွင်းယူနိုင်ခဲ့ပြီး သရေတမှတ် ရယူနိုင်ခဲ့ပါတယ်။ မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဆီဇီက ကံကောင်းလို့ သရေကျခဲ့ရတာဖြစ်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်ဝက်ဘ်ဆိုဒ်မှာ ပြောပါတယ်။ "ကစားသမား အချို့ဟာ ကွင်းထဲရောက်ရင် ကိုယ့်အင်္ကျီရင်ဘတ်မှာ တပ်ထားတဲ့ အလံအတွက် အင်တိုက်အားတိုက် ကြိုးစားရမယ် ဆိုတာကို မေ့သွားကြတယ်။ တီမောလို အားနည်းတဲ့ အသင်းကိုတောင် ကျနော်တို့ အနိုင်မကစားနိုင်ခဲ့ပါဘူး။ ဒီနေ့ပွဲမှာ အားနည်းချက် များစွာ ရှိခဲ့ပါတယ်။ ကျနော်တို့ ကံကောင်းလို့ သရေကျခဲ့တာပါ။" အုပ်စု ခ မှာ မြန်မာအသင်းဟာ ၂ ပွဲကစားပြီး တပွဲနိုင် တပွဲသရေကျကာ ၄ မှတ်ရထားပါတယ်။ အုပ်စုခမှာ မြန်မာအသင်းဟာ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ အရှေ့တီမော အသင်းတွေနဲ့ တအုပ်စုတည်းကျနေပါတယ်။ သြဂုတ် ၂၉ ရက်မှာတော့ မလေးရှား၊ သြဂုတ် ၃၁ ရက်မှာတော့ ဗီယက်နမ် အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up