A d v e r t i s e m e n t With Us

မြန်မာများ စိတ်လှုပ်ရှားမှုနည်းဟု စစ်တမ်းဆို

ကမ္ဘာမှာ မြန်မာတွေဟာ စိတ်လှုပ်ရှားမှုနည်းပြီး မြိုသိပ်နိုင်တယ်လို့ စစ်တမ်းတခုက ထုတ်ပြန်ပါတယ်။ နိုင်ငံပေါင်း ၁၄၈ နိုင်ငံက နိုင်ငံသားတွေနဲ့ ပတ်သက်ပြီး စစ်တမ်းလုပ်ဆောင်နေတဲ့ ဂါလပ်အဖွဲ့က အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ စစ်တမ်းဟာ တနိုင်ငံစီက နိုင်ငံသား ၁ ထောင်စီကို မေးမြန်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အရင်ရက်ပိုင်းတွေမှာ အပြုသဘောခံစားချက် ၅ ခု၊ အပျက်သဘောဆောင်တဲ့ ခံစားချက် ၅ ခုနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို မေးမြန်းခဲ့ပါတယ်။ အပြုသဘော ခံစားချက်အတွေ့အကြုံ ၅ ခုနဲ့ ပတ်သက်ရင်တော့ ကောင်းကောင်း အနားယူသလား၊ လေးလေးစားစား ဆက်ဆံခံရလား၊ ပျော်ရွှင်မှုနဲ့ များများ ပြုံးရယ်သလား၊ စိတ်ဝင်စားစရာ တစုံတရာကို လေ့လာ သင်ယူနေသလားတို့ ပါဝင်နေပါတယ်။ အပျက်သဘောဆောင်တဲ့ ခံစားချက် ၅ ခုကတော့ ဒေါသ၊ စိတ်ဖိစီးမှု၊ ၀မ်းနည်းမှု၊ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုနဲ့ စိုးရိမ်ပူပန်မှုတွေ ပါဝင်ပါတယ်။ မြန်မာမှာ မေးခဲ့တဲ့ ၄၁ ရာခိုင်နှုန်းကတော့ ဒေါသ ၀မ်းနည်းကြေကွဲ ပျော်ရွှင်မှုတွေခံစားရတယ်လို့ ၀န်ခံ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဘိုလီးဗီးယားနဲ့ အယ်ဆာဗာဒိုနိုင်ငံတွေက နိုင်ငံသားတွေကတော့ ၅၉ ရာခိုင်နှုန်းနဲ့ စိတ်ထိခိုက်လွယ်ပြီး မြိုသိပ်နိုင်မှု  အနည်းဆုံး ဖြစ်ပါတယ်။ လက်တင် အမေရိကနိုင်ငံတွေဖြစ်တဲ့ အီကွေဒေါ၊ ဂွာဒီမာလာ၊ ကိုလံဘီယာနဲ့ ကော့စတာရီကာကတော့ စိတ်ထိခိုက်လွယ်ပြီး မြိုသိပ်နိုင်မှု  အနည်းဆုံး ထိပ်တန်း စာရင်းမှာ ရပ်တည်နေပါတယ်။ လောကဓံကို ကြံ့ကြံ့ခံနိုင်ပြီး စိတ်လှုပ်ရှားမှု နည်းတဲ့သူတွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တွေဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up